ဖိလစ်ပိုင်နိုင်ငံ ရှရစ်ဖ်အဂူအတ်မြို့တော်ဝန် အက်မဒ် မီထရာ အမ်ပါတွာန် စီးနင်းလာတဲ့ ကားကို ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက လက်နက်ကိုင်လူတစ်စုက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြို့တော်ဝန်စီးနင်းလာတဲ့ လန်ခရူဇာကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ယာဉ်အောက်ပိုင်းကို ထိမှန်ခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်မှာတော့ ကားတစ်စီးပေါ်ကနေ လူ ၂ ဦးဆင်းလာပြီး ဖိလစ်ပိုင် မြို့တော်ဝန်စီးနင်းလာတဲ့ ကားကို RPG နဲ့ ပစ်ခတ်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။
တိုက်ခိုက်ခံရတဲ့ ကားဟာ ကျည်ကာအားဖြည့်ထားတဲ့ ယာဉ်အမျိုးအစားဖြစ်တဲ့အတွက် ယာဉ် အောက်ပိုင်းကို ထိမှန်ခဲ့ပေမယ့် ဆက်လက်မောင်းနှင်သွားနိုင်ခဲ့ပြီး မြို့တော်ဝန်ရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခဲ့သူတွေကို ဖိလစ်ပိုင်တာဝန်ရှိသူတွေက ရှင်းလင်းနိုင်ခဲ့ပြီး ဘာကြောင့်တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။