ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ပစ်ခတ်ခံခဲ့ရတဲ့ ထိုင်းရဲအရာရှိကို ကျူးလွန်ခဲ့သူ မြန်မာလူငယ်ရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက သွားရောက်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့မှာ မြန်မာလူငယ် ၂ ယောက်ဟာ ထိုင်းတာဝန်ရှိသူတွေရဲ့ တားဆီးစစ်ဆေးမှုကို ထွက်ပြေး ရာကနေ ရဲအရာရှိကို သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကျူးလွန်သူ တယောက်ကို အဲ့ဒီနေ့မှာပဲ ဖမ်းဆီးမိခဲ့ပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားခဲ့တဲ့ ကျန် တစ်ယောက်ကို ဇန်နဝါရီ ၂၂ ရက်က ကော်ဘရာစစ်ကြောင်း ဗိုလ်မှူး ဒါဘောက ထိုင်းတာဝန်ရှိသူတွေဆီ ပြန်လည်အပ်နှံခဲ့ပါတယ်။
ရဲအရာရှိမိသားစုကလည်း အပြစ်တွေကို ခွင့်လွှတ်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီး မြန်မာတွေအနေနဲ့ သူ့ကိုပံပိုး ကူညီဆုတောင်းပေးသလိုမျိုး၊ အချုပ်ကျနေတဲ့ ညီငယ်တွေရဲ့ မိသားစုဝင်တွေနဲ့ သားသမီးတွေကို ဝိုင်းဝန်းစောင့်ရှောက် ကြဖို့လည်း တိုက်တွန်းခဲ့ ပါတယ်။
Video – La Pyae