အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ကြိုတင်မဲတွေကြောင့် ရွေးကောက်ပွဲရှုံးနိမ့်သွားရတယ်လို့ ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီမှ ဦးမျိုးရန်အောင်သိန်းကို ရှုံးနိမ့်ခဲ့တဲ့ ဦးကိုကိုကြီးဟာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးအပိုင်း ၃ မှာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး၊ သူ့အနေနဲ့ မြေပြင်မဲတွေကြောင့်ထက် ကြိုတင်မဲတွေကြောင့်သာ ရှုံးနိမ့်ရတာဖြစ်တယ်လို့လည်း ဆိုလိုက်တာပါ။

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုသုံးပိုင်းစလုံးမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ အများအပြား ပါဝင်တဲ့ကြံ့ခိုင်ရေးပါတီက အများထင်ကြေးပေးထားတဲ့အတိုင်း ကြိုတင်မဲတွေနဲ့ လွှတ်တော်နေရာတော်တော်များများမှာ အနိုင်ရနေတာဖြစ်တယ်လို့ နိုင်ငံရေးပါတီတွေထံမှ သိရပါတယ်။

အခြားပါတီဝင်များအနေနဲ့ ကြိုတင်မဲကောက်ခံမှုနဲ့ ပတ်သက်ပြီး ကြိုတင်သိရှိခြင်း မရှိသလို၊ လိုက်လံကောက်ခံသူတွေထဲမှာ ကြံ့ခိုင်ရေးပါတီဝင်တွေပဲ လိုက်ပါခွင့်ရတယ်ဆိုပြီး တိုင်ကြားမှုများအပါအဝင် ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ပတ်သက်ပြီး စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို သိသာစွာ ဘက်လိုက်မှုတွေရှိတယ်လို့ နိုင်ငံရေးလေ့လာသူများက ဆိုပါတယ်။



အဲဒီလိုကြိုတင်မဲကိစ္စကြောင့် ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) အပါအဝင် ပါတီတချို့ဟာ မဲရုံတွေမှာ မဲပေးစက်နဲ့ အနိုင်ရနိုင်ပေမဲ့ ကြိုတင်မဲတွေကြောင့် ရှုံးနိမ့်သွားရတယ်လို့ အဆိုပါ ပါတီတွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာ သမာသမတ်ရှိကြောင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း၊ MEVM မဲပေးစက်က မဲလိမ်မဲခိုးတာ မလုပ်နိုင်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခဏပြောကြားနေပေမဲ့၊ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကပဲ ကြိုတင်မဲတွေအပါအဝင် နည်းပေါင်းစုံနဲ့ အနိုင်ယူနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတု အပိုင်း ၁ နဲ့ ၂ မဲရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ကိုယ်စားလှယ်လောင်းနေရာ ၄၇၁ နေရာရထားတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်နေတဲ့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

ရွာလုံးကျွတ် မီးတင်ရှို့ခံထားရသည့် မင်းပလောင်ရွာခံများ တောထဲတောင်ထဲ ယားနာနှင့် အာဟာရချို့တဲ့မှုများ ရင်ဆိုင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်က စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ရွာမှာ ဒေသခံတွေ ပြန်လည်အခြေမချနိုင်သေးသလို အာဟာရချို့တဲ့မှုနဲ့ ယားနာရောဂါတွေဖြစ်ပွား​နေကြတယ်လို့ သိရပါတယ်။
Read More

ဗုံးကြဲခံရလို့ ပိတ်မိနေတဲ့ နောင်ပိန်ရွာထဲ စစ်အုပ်စု သတ်ဖြတ်မှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းမှာ ကျန်နေခဲ့တဲ့ ဒေသခံတွေကို ပစ်ခတ်ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် သန်းနုတောရွာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် လာရောက်ပစ်ခတ်၊ ဒေသခံ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သန်းနုတောရွာကို စစ်အုပ်စုက စက်တပ်လေထီး နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိသလို နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးနီးပါး ချေမှုန်းနိုင်ခဲ့တဲ့ တိုက်ပွဲက ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆို

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာက စစ်ကောင်စီတပ် အခြေချစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းပြီး ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆိုခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမှာ ရိက္ခာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်၊ ၁၀ ယောက်ထက်မနည်း သေပြီး လက်နက် ၄ လက် သိမ်းဆည်း ရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းကုန်းကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြောင့် ဘာသာရေးအဆောက်အအုံ တစ်သောင်းထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်၊ ရဟန်း ၁၅၉ ပါးနှင့် သီလရှင် ၅၅ ပါး ပျံလွန်တော်မူခဲ့သည်ဟု ဆို

အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေးအဆောက်အအုံ တစ်သောင်းနီးပါး ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။