ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားရုံး (ICJ ) ရောက်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုပွဲနဲ့ ဂမ်ဘီယာနိုင်ငံရဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကို ကန့်ကွက်ရှုတ်ချတဲ့ အမျိုးသားရေး ဆန္ဒဖော်ထုတ်ပွဲဟု ဆိုကာ အကြမ်းဖက်စစ်တပ်ထောက်ခံသူများက မြို့တော်ခန်းမရှေ့မှာ စုရုံးဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။

‎ဒီကနေ့ ဇန်နဝါရီ ၂၇ ရက် ရန်ကုန်မြို၊ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီထောက်ခံဂုဏ်ပြုပွဲကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)နဲ့ အမျိုးသားရေး ညီအစ်ကိုမောင်နှမများ (ရန်ကုန်) ဆိုသူများက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး၊ အမျိုးသားရေးလှုပ်ရှားသူများလို့ ကိုယ့်ဘာကိုယ်တံဆိပ်ကပ်တဲ့ ဦးသုစိတ္တ၊ ဦးဝင်းကိုကိုလတ်နဲ့ ဦးထိန်လင်းတို့က ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။


အခမ်းအနားတက်ရောက်လာသူတွေက နိုင်ငံတော်အလံကိုင်ဆောင်ထားကြပြီး လူဦး‌ရေ တစ်ထောင်ကျော်ရှိတယ်လို့လည်း စစ်လော်ဘီသတင်းများက ဆိုပါတယ်။

‎စစ်ကော်မရှင်ဟာ သူ့ရဲ့အကြမ်းဖက်စစ်တပ် နဲ့ ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာပြည်သူတစ်ရပ်လုံးက ထောက်ခံအားပေးနေသယောင်ရေးသားထားတဲ့ ညွှန်ကြားချက်တစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီညွှန်ကြားချက်မှာ တိုင်းရင်းသားအဖြစ် မသတ်မှတ်တဲ့အတွက် ရိုဟင်ဂျာ ဆိုတဲ့နာမည်ကို မသုံးဖို့နဲ့ ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတကာဥပဒေနဲ့အညီ တရားရင်ဆိုင်နေတယ်လို့သာ ထောက်ခံပြောဆိုကြဖို့ ညွှန်ကြားထားခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းခွင့်ရခြင်းဟာ မွန်မြတ်ပြီး ဂုဏ်ယူရတဲ့အလုပ်ဖြစ်တယ်လို့ ပေါ်တာဆွဲစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံရှိ လူဦးရေထဲက အနည်းငယ်သာ စစ်မှုထမ်းခွင့်ရှိတာကြောင့် စစ်မှုထမ်းခွင့်ရသူတွေအနေနဲ့ ဝမ်းသာဂုဏ်ယူဖို့ လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ပေါက်မှ ပခုက္ကူသို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း ရွာ ၃ ရွာအား မီးရှို့ဖျက်ဆီး၊ ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲသည့်အတွက် အရပ်သား ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးရင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားပြီး KNLA ဆီ အလင်းဝင်သွားတဲ့ စစ်သား ၂ ဦးကို ပြန်ရှာရန် လာသည့် အကြမ်းဖက်စစ်တပ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်းဝ ကျေးရွာနေ ဒေသခံ အမျိုးသားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တက္ကသိုလ်မှ ကထိကဒေါ်ဝင်းဝင်းအောင် PDF ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ AA နှင့် ကြိုတင်ကြံစည်ပူးပေါင်းခြင်းသာ ဖြစ်ဟု စစ်ကောင်စီ ဆို

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ PDF တွေ ဖမ်းဆီးခံရတာမဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

သိန္နီခရိုင်၊ သံလွင်နယ်၊ နမ့်ပေါင်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြန်စာသင်ကျောင်းတစ်ခုပျက်စီးခဲ့ပြီး အရပ်သားတစ်ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင်၊ သံလွင်နယ်၊ နမ့်ပေါင်ကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ မြန်စာသင်ကျောင်းတစ်ခုပျက်စီးခဲ့ပြီး အရပ်သားတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ပတ္တမြားမြေရောက် အမရပူရ ရဲဘော်များ (ဓာတ်ပုံသတင်း)

တရုတ်ရဲ့ ကြားဝင်မှုကြောင့် မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA လက်လွှတ်ခဲ့ရပြီးနောက် MDY PDF ၊ မိုးကုတ်ဗျူဟာ အပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကို မိုးကုတ်ကို အစွမ်းကုန် ကာကွယ်သွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။