မန္တလေးတိုင်း၊ မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တိုင်းမှူးအိမ် ထိမှန်ပျက်စီးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) ကသတင်း ထုတ်ပြန်လာပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်၊ မနက် ၄ နာရီ ၃၀ မိနစ်အချိန်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ လုံးဟ လပခ တိုင်းစစ်ဌာနချုပ်အတွင်းကို တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့က အတုအယောင်ရွေးကောက်ပွဲ မဲရုံတွေကို သွားရောက်ကြည့်ရှုပြီးနောက်မှာ ဗေဒင်ကိန်းခန်းအရ ယတြာချေဖို့ လပခ အတွင်းကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ခေတ္တ ဝင်ရောက် တည်းခိုနေချိန် အခုလိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

မင်းအောင်လှိုင်ဟာ ဒီကနေ မနက် ၄ နာရီ ၄၁ မိနစ်အချိန်မှာ မင်းဝတ်တန်ဆာတွေ ဝတ်ဆင်ပြီး မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားကနေ “ပြည်တော်ဝင်” ယတြာချေဖို့ စီစဉ်ထားတာကို သတင်းရရှိခဲ့တာကြောင့် တော်လှန်ရေးအဖွဲ့တွေက ညတွင်းချင်း စီစဉ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“၅ လုံးပစ်တာ ၃ လုံးထွက်ပါတယ်။ ထိခိုက်မှုရှိနိုင်ပါတယ်၊ အရာရှိကြီးကြီး တကောင်တော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်လို့ ကနဦးသိရပါတယ်” လို့ BWM အဖွဲ့ တာဝန်ရှိသူတဦးက မောင်းကို ပြောပါတယ်။

ဒါ့အပြင် လပခ တိုင်းမှူးရဲ့ နေအိမ်ကိုလည်း ရှော့တိုက်ဒုံးထိမှန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံး အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှတော့ မန္တလေးမြို့ပေါ်မှာ တစ်နေကုန် အစစ်ဆေးကြမ်းနေပြီး နေရာစုံကို ပိုက်စိတ်တိုက် စစ်ဆေးနေတယ်လို့ ကနဦး သိရပါတယ်။

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar (BWM) ရဲ့ ဦးဆောင်စီမံမှုနဲ့ No More Dictatorship (NMD-PDF)၊ Shadow (Mandalay) နဲ့ Infinity (အညာ) အဖွဲ့တို့က BWM Mission 50 အဖြစ် အောင်မြင်စွာ ဆောင်ရွက်ခဲ့တာလို့ဘသိရပါတယ်။

BWM နဲ့ မဟာမိတ်အဖွဲ့တွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် အရေးပါတဲ့ စစ်ဆင်ရေးတွေကို ဆက်လက် ဖော်ဆောင်သွားမှာ ဖြစ်ပြီး နောက်ဆက်တွဲသတင်းတွေကိုလည်း ထုတ်ပြန်သွားမယ်လို့ အသိပေးထားပါတယ်။

လပခအတွင်းကို ရှော့တိုက်ဒုံးတွေဖြင့် ပစ်ခတ်တိုက်ခိုက်စဉ် (ဓာတ်ပုံ ပေးပို့)

0 Shares:
You May Also Like
Read More

အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့က နွေဦးတော်လှန်ရေး လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်ရောက်  Free Burma Action Committee-Northern California က ဦးဆောင်ပြီး “နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး နိုင်ငံရေး ပူးပေါင်းညီညွတ်ကြပါစို့” ဆိုတဲ့ခေါင်းစဉ်နဲ့  လူထုသပိတ်လှုပ်ရှားမှုကို ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား တစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစစ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ ရဲ့ တပ်ရင်းမှူး ဦးဘဂျမ်းဆီက သိရပါတယ်။
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ မြို့တော် ဟားခါးရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလောတွင် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ စစ်အုပ်စုအတွက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။
Read More

မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်တပ် ကြက်ခြံကိုပါ လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဘုရားသုံးဆူကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်ထဲမှာ အသက်မဲ့နေတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ ပါဝင်လာ

ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန် ပါဝင်လာတာကို ယူနက်စကိုရဲ့ တရားဝင် Website မှာဖော်ပြချက်အရသိရပါတယ်။