မကွေးတိုင်း ၊ ချောက်မြို့နယ်အတွင်း လောင်းကစားဝိုင်းတွေ ပိုပြီးများပြား လာတာကြောင့် လူငယ်တွေရဲ့ စိတ်ဓာတ်တွေ ပျက်စီးလာမှာကို  ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်စပိုင်းလောက်က စတင်ပြီး ချောက်မြို့နယ်ထဲက ကျေးရွာ ၁၀ ရွာလောက်မှာ  ကြက်ဝိုင်း၊ ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ ခြောက်ကောင်ဝိုင်း (အန်ကလုံ) စတဲ့ လောင်းကစားတွေကို လုပ်ဆောင်လာကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

အဲ့ဒီဝိုင်းတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပါဝင်လုပ်ဆောင်နေတယ်ဆိုတဲ့  သတင်းတွေထွက်ပေါ်နေတယ်လို့လည်း သိရပါတယ်။

လောင်းကစားဝိုင်းတွေ ကျင်းပတဲ့ ကျေးရွာတွေမှာ လုံခြုံရေးတွေ ချထားပြီး ဘန်ကာတွေပါ ဆောက်လုပ်ထားတယ်လို့လည်း ဒေသခံတချို့က ပြောဆိုကြတာပါ။

အခုလို လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာကြောင့် လူငယ်တွေရဲ့ စိတ်ဓတ် ပိုမိုပျက်စီးလာနိုင်သလို ကျေးရွာတွေမှာ ခိုးဆိုးလုယက်မှုတွေ ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်လာတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။

“ လောင်းကစား နယ်မြေက တော်တော်ဆိုးတယ်။ သိန်းထောင်ချီပေါက်တာကို ရွာလူကြီးကိုယ်တိုင်ပါတာဆိုတော့ လူငယ်တွေကလည်း ဒါကိုပဲအာရုံကျနေကြတယ်။  ခိုးဆိုး လုယက်မှုတွေဖြစ်လာမှာ စိုးရိမ်တယ် ”လို့ ချောက်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လောင်းကစားလုပ်ခဲ့တဲ့  ဒေသခံ ၃၀ လောက်ကို ဇန်နဝါရီလ ပထမပိုင်းလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ဖမ်းဆီး အရေးယူတာမျိုးရှိခဲ့ပြီး နောက်ထပ်မလုပ်ဖို့ သတိပေး ပြန်လွတ်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

“ပထမအကြိမ်တုန်းက အဲ့မှာ ၃၀ လောက်မိတယ်။ လာဖမ်းတဲ့ရဲဘော်တွေက နောက်မလုပ်ဖို့ သတိပေးပြီး သူတို့ပစ္စည်းတွေ ပြန်ပေးတယ်။ ပြန်လွတ်ပေးလိုက်တယ်။ လာဖမ်းတာက လွန်ခဲ့တဲ့ ၁ ပတ် လောက်ကဖြစ်မယ်”လို့ ချောက်နယ်ခံက ဆက်ပြောပါတယ်။

အခုလို လောင်းကစားဝိုင်းတွေ လုပ်ဆောင်နေတယ်ဆိုတာနဲ့ပတ်သက်ပြီး မဟုတ်မှန်ဘူးလို့ ချောက်မြို့နယ် ပကဖ တာဝန်ခံက  တုန့်ပြန်ပြောဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက်ကိုယ်တိုင်ချမှတ်ထားတဲ့ လမ်းညွန်ချက်ထဲမှာ လောင်းကစားဝိုင်းတွေကို လက်မခံသလို၊ လောင်းကစားလုပ်သူတွေကိုလည်း  နောက်နောင်မလုပ်ဖို့ ပြောဆိုတာမျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဒါတွေကို လက်ခံလို့မရဘူး၊ ဒီနယ်မြေထဲမှာ လုပ်လို့လည်းမရဘူး၊ ချောက်မြို့နယ်ဆိုတာ အမတန် ကျယ်ပြန့်တယ်၊ ခွင့်ပြုမထားတဲ့အလုပ်ကို လုပ်တယ်ဆိုတာ  သိပြီဆိုရင်လည်း ဆုံးမတယ်။ ဒီလောင်းကစားဝိုင်းတွေ မလုပ်ဖို့ ပြောခဲ့တာတွေရှိတယ်၊ အသေးအဖွဲလေး လုပ်တာတောင် ခွင့်မပြုဘူး” လို့ ချောက်မြို့နယ် ပကဖတာဝန်ခံက မောင်းကို ပြောပါတယ်။

အခုလို စွတ်စွဲပြောဆိုတာတွေဟာ မိမိတို့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေသလို၊ တော်လှန်ရေးပုံရိပ်ကို ကျဆင်းစေပြီး အစိုးရရဲ့ ပုံရိပ်တွေကိုလည်း ထိခိုက်စေတယ်လို့ ၎င်းကဆိုခဲ့ပေမဲ့၊ ဒေသခံတွေကတော့ လောင်းကစားဝိုင်းတွေ များပြားလာတယ် ဆိုတဲ့အပေါ်မှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့နယ် ပကဖ နှင့် ပအဖ ပူးပေါင်းပြီး ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့က မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ နဲ့ ပူးပေါင်းပြီး မိမိတို့စိုးမိုးထိန်းချုပ်နယ်မြေအတွင်း မတ်လ (၂၉) က စလို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း တွေ ဆောက်ရွက်နေတယ်လို့ သိရပါတယ်။
Read More

စစ်တပ်အားပေး အနုပညာရှင်အမည်ခံများကို ထိရောက်စွာ စတင်အရေးယူမည်ဟု ရန်ကုန် UG များ ကြေညာ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီတဲ့ အနုပညာရှင်အမည်ခံ စစ်ကော်မရှင် လက်ကိုင်တုတ်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား UG အဖွဲ့တွေက ဒီညမှာ ကြေညာလိုက်ပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးစခန်းအများစု တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်နေချိန် တရုတ်နဲ့ ကုန်သွယ်မှုတိုးမြှင့်မယ်လို့ မင်းအောင်လှိုင်ပြော

တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ထဲရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တရုတ်နဲ့ကုန်သွယ်မှု အရှိန်တိုးမြှင့်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

နွားထိုးကြီး PDF ၏ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကျင်းပပြီး ရဲဘော်များကို လက်နက် တပ်ဆင်ပေး

နွားထိုးကြီး PDFရဲ့ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၃ ရက် ဒီနေ့မှာ ကျင်းပခဲ့ပြီး မွမ်းမံသင်တန်းဆင်း ရဲဘော်တွေကို မဟာမိတ်အဖွဲ့က လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ နွားထိုးကြီး PDF (မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်း)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားနှစ်ဦး သေနတ်ဒဏ်ရာများနဲ့ သေဆုံး

စမွတ်စခွန်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသားနှစ်ဦးကို ရတ်ချဘူရီပြည်နယ်၊ စွမ်ဖန်ခရိုင်မှာ နိုဝင်ဘာလ ၁၄ ရက် ကြာသပတေးနေ့ အစောပိုင်းက သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြထားပါတယ်။
Read More

လေ​ကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်စွန့်ခွါရတော့မယ်ဆိုရင် ဘာတွေလုပ်သင့်လဲ

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံလာရရင် အရေးပေါ်လုပ်ဆောင်ရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။