မန္တလေးတိုင်း မြင်းခြံမြို့နယ် ဒါးကျွန်းကျေးရွာနဲ့ ပတ္တာကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က မြင်းခြံမြို့နယ် ဒါးကျွန်းကျေးရွာနဲ့ ပတ္တာကျေးရွာကို ရောက်ရှိလာပြီး မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေ သေဆုံးထိခိုက်မှုရှိနိုင်တယ်လို့ ရေစကြိုတပ်ပေါင်းစုက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်တပ်ပေါင်းစု ဒရုန်းအဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ မိုးရှေဒါးယန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမေ့လက်ရုံးပြောက်ကျားတပ်ဖွဲ့၊ Pakokku Special Test Force ဒရုန်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
Video – ရေစကြိုတပ်ပေါင်းစု