အထူးဒေသကိုးကန့်မှာ ကျင်းပတဲ့ ဘာသာရေးပွဲတစ်ခုဖြစ်တဲ့ တာကျောင်မဟာပူဇော်ပွဲအကြောင်းပြကာ အာဏာသက်ရောက်မှုကိုလည်း ပြသလိုတဲ့အတွက် အကျဉ်းသားတွေကို ပြစ်ဒဏ်လျော့ပြီး စစ်သုံ့ပန်း ၅၀၀ ကျော်ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ပြန်လွှတ်ပေးတယ်လိုက်တယ်လို့ သိရပါတယ်။

မနေ့က ဇန်နဝါရီ ၂၅၊ တရုတ်ရိုးရာ ပြက္ခဒိန်အရ ၁၂ လပိုင်း ၇ ရက်နေ့မှာ ကျရောက်တဲ့ တာကျောင်မဟာ ပူဇော်ပွဲနေ့ အခမ်းအနားမှာ ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

ဒီလိုစစ်သုံ့ပန်းတွေ လွတ်ပေးတာဟာ သူရဲကောင်းဝိဉာဉ်ကို ကောင်းရာသုဂတိပို့ဆောင်တယ်လို့လည်း ကိုးကန့်သတင်းကွန်ရက်မှာ ဖော်ပြထားပါတယ်။

အဲဒီလိုပြန်လွှတ်ပေးရာမှာ ကောင်းမွန်တဲ့ နေထိုင်မှုရှိတဲ့ စစ်သုံ့ပန်း ၅၀၀ ဦး၊ အကျင့်စာရိတ္တကောင်းမွန်တဲ့ အကျဉ်သား ၉ ဦးနဲ့ အခြားအကျဉ်သား ၄၉ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်တယ်လို့ MNDAA ထုတ်ပြန်ပါတယ်။

အဲ့ဒီပွဲကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) စစ်ဦးစီးရုံးချုပ်၊ စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် Lan Tain En အပါအဝင် စစ်ရေးနဲ့အုပ်ချုပ်ရေးခေါင်းဆောင်တွေ တက်ရောက်တယ်လို့ သိရပါတယ်။

ကိုးကန့်အထူးဒေသအုပ်ချုပ်ရေးဥပဒေစိုးမိုးမှုရဲ့ အာဏာသက်ရောက်မှုတွေ စနစ်ရဲ့တိကျခိုင်မာမှုကို ဖော်ပြလိုပြီးတော့ လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ကို ဖော်ပြလို့တဲ့အတွက် တရားစီရေး အာဏာပိုင်တွေရဲ့ တင်းကြပ်တဲ့စိစစ်မှုကြားထဲက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ဘုံရည်မှန်းချက်အတွက် အတူတကွ ပေးဆပ်ခဲ့ကြသူများကို ကျွန်ုပ်တို့ ဘယ်တော့မှ မေ့ပျောက်မည် မဟုတ်ပါ။ သင်တို့ မပြီးဆုံးသေးသော တာဝန်ဝတ္တရားများကို ကျွန်ုပ်တို့ ဆက်လက်ထမ်းဆောင် အကောင်အထည်ဖော်သွားပါမည်။ ကျေးဇူးပြု၍ ငြိမ်းချမ်းစွာ အနားယူကြပါတော့” ဟု MNDAA စစ်ဦးစီးရုံးချုပ်မှ စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် Lan Tian En  ဆိုပါတယ်။

နှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ ကိုးကန့်ဒေသတွင်း ပြန်လည်ထူထောင်ရေးနဲ့ တော်လှန်ရေးခရီးကြမ်းမှာ အသက်ပေးလှူသွားကြတဲ့ လက်နက်ကိုင်တော်လှန်ရေး သူရဲကောင်းတွေကို လေးလေးနက်နက် သတိရတယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်နယ်စပ်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်တို့ကို ပြန်ရခဲ့တဲ့အပြင် ကွမ်လုံ၊ သိန္နီမြို့ကိုလည်းရရှိခဲ့ပြီး အခုချိန်မှာ ကိုးကန့်မြို့တော်အဖြစ် လောက်ကိုင်၊ ကွတ်ခိုင်၊ သိန္နီ၊ မုံးကိုးခရိုင်ဆိုပြီး ခရိုင်လေးခုကို မြို့တော် ( ၁) အဖြစ်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

ကိုးကန့်တပ်ဟာ  ၁၀၂၇ စစ်ဆင်ရေးအစပိုင်းထုတ်ပြန်ချက်တွေထဲမှာ မြန်မာပြည်သူတရပ်လုံး လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ဆိုတဲ့ စာသားထည့်သွင်းခဲ့ပြီး၊ ပူးပေါင်းတပ်တွေနဲ့ နယ်မြေတွေသိမ်းပိုက်လိုက်ပြီးနောက်ပိုင်း တရုတ်ရဲ့ဖိအားတွေရှိလာတာနဲ့အတူ သဘောထားရပ်တည်ချက်မှာလည်း စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးဟာ ပထမဦးစားပေးရပ်တည်ချက်  လို့ ပြောင်းလဲကြွေးကြော်ခဲ့တာလည်းဖြစ်ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ အာရက္ခတပ်တော်(AA) တို့ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ MDY-PDF၊ BPLA အပါအဝင် တိုင်းရင်းသားနဲ့ တော်လှန်ရေးတပ်ဖွဲ့အများအပြား ပါဝင်တိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရေးစစ်သည်များစွာ ကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရပ်စောက်က ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် - DPLA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF ထံက သိရပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော် လက်နက်တွေနဲ့အတူ အညံ့ခံ

တရုတ် - မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေထံ လက်နက်ချခဲ့တယ်လို့ ကချင် စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ People’s Healthcare Network (Kalay) ၏ ကျန်းမာရေးစင်တာမှာ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ People's Healthcare Network (Kalay) ရဲ့ Medical Centre (2)၊ PHN (Kalay) ကို ဖွင့်လှစ်ထားပြီး ဒေသခံပြည်သူတွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။
Read More

ငလျင်ကြောင့် မဟာမြတ်မုနိဘုရား အဆောက်အအုံ အပါအဝင် သမိုင်းဝင် မယ်နုအုတ်ကျောင်း၊ ရွှေစာရံစေတီတို့လည်း ပြိုကျပျက်စီးခဲ့

မတ်လ ၂၈ရက် ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းအတွင်းမှာ မန္တလေး မဟာမြတ်မုနိဘုရားကြီးရှိရာ အဆောက်အအုံ အပါအဝင် သမိုင်းဝင် အင်းဝမယ်နုအုတ်ကျောင်း၊ ပုထိုးတော်ကြီးနဲ့ ရွှေစာရံစေတီတော်တို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

နိုင်ငံကိုကာကွယ်ဖို့ ယောကျ်ား၊ မိန်းမ အသက်အရွယ်မရွေးတာဝန်ရှိတယ်လို့ အကြမ်းဖက် ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆို

နိုင်ငံကာကွယ်ရေးတာဝန်ဟာ  နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရဖို့ တာဝန်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။