အာဏာသိမ်းစစ်တပ်ကို ခြိမ်းခြောက်နိုင်တဲ့ တပ်ရင်းဖြစ်ဖို့အတွက် ပြည်သူလူထုရဲ့ တွန်းအား လိုအပ်နေတယ်လို့ မအူပင်ခရိုင် အမှတ်-၁ တပ်ရင်းက ဆိုလာပါတယ်။

”အာဏာရှင်စစ်တပ်ကို စစ်ရေးအရ ယခုထက်ပိုပြီး ခြိမ်းခြောက်နိုင်ဖို့ အရေးကြီးပါတယ်။ စစ်ရေး အရ ခြိမ်းခြောက်နိုင်ဖို့ ကျွန်တော်တို့ကို တွန်းအားပေးပါ။ ရဲဘော်တွေမှာ စစ်တိုက်ဖို့ သတ္တိရှိတယ်။ ပြည်သူလူထုက တွန်းအားမပေးနိုင်ကြဘူးလား”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

လက်ရှိ တပ်ရင်းမှာ မေတ္တာရိက္ခာ ပရောဂျက်ပြုလုပ်ထားပြီး ပြည်သူလူထုရဲ့ တွန်းအားကို စောင့် မျှော်နေတယ်လို့  မအူပင်ခရိုင် အမှတ်-၁ တပ်ရင်း ရဲဘော် ၁ ဦးက ဆိုပါတယ်။

ပရောဂျက်ကာလကို ဒီဇင်ဘာ ၁၄ ရက်ကစတင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပါဝင်ကူညီကြဖို့ မိဘပြည်သူများအနေဖြင့် မအူပင်ခရိုင် အမှတ်-၁ တပ်ရင်း Facebook စာမျက်နှာ ကနေ အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Video- မအူပင်ခရိုင် အမှတ်-၁ တပ်ရင်း

0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ခြမ်းမှာ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက အင်အား ၁၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Nay Pyi Taw PDF-Battalion 901မှ ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာ ပကဖ ရဲ့ အပတ်စဉ် (၇) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ မှတ်တမ်းရုပ်သံကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ချောင်းဦးမြို့နယ် ကင်းမွန်တောပျူစခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်တောရွဦ ပျူစခန်းကို မတ်လ ၂ ရက် နေ့လယ်ပိုင်းမှာ အဝေးပစ် ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဝေါမြို့နယ် သူရဲသူမိန်ရွာတွင် ရွေးကောက်ပွဲ လုံခြုံရေးယူထားသည့် စစ်အုပ်စုကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသူမိန်ရွာမှာ ရွေးကောက်ပွဲလုံခြုံရေးယူထားတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  ပဲခူးခရိုင် ပကဖ  ကဒီနေ့ထုတ်ပြန် ထားပါတယ်။
Read More

ပုလဲမြို့နယ်ထဲ လေယာဉ်နဲ့လာပို့တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေရဲ့ ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲအပြီး စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်းမှုတွေ လုပ်နေပါတယ်။
Read More

ပြိုကျနေသော အဆောက်အအုံအောက် နာရီပေါင်း ၁၂၁ နာရီကြာ ပိတ်မိနေသည့် အမျိုးသား ၁ ‌ယောက်ကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။