မကွေးတိုင်း၊ ဂန့်ဂေါမြို့တောင်ဘက် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထိန်းချုပ်ထားတဲ့ ရှောက်ပင်ရွာထဲကို လမ်းမှားပြီး ဝင်ရောက်သွားသူ ဒေသခံအမျိုးသားတစ်ယောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့က အသက် (၂၀) ဝန်းကျင်အရွယ်အမျိုးသားတစ်ယောက်ဟာ ခေါက်‌ခူကျေးရွာကနေ ရှောက်ပင်ကျေးရွာတောင်ဘက် အုတ်ဖိုလမ်းကို ဆိုင်ကယ်တစ်စီးနဲ့ လမ်းမှားပြီး ဝင်ရောက်သွားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလို ဆိုင်ကယ်နဲ့ ဝင်ရောက်လာတာကို စစ်ကော်မရှင်တပ်သားတွေက တွေ့ရှိသွားပြီး စစ်ဆေးမှုတွေပြုလုပ်ချိန်မှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေက သေဆုံးသူရဲ့  အလောင်းကို ဖျောက်ဖျက်ခဲ့ပြီး စီးလာတဲ့ ဆိုင်ကယ် 125 ကိုရှောက်ပင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ သိမ်းထားခဲ့တယ်လို့ သိရပါတယ်။

 “ရုပ်အလောင်းပြန်မရပါဘူး၊ အစနဖျောက်ခံရတာပါ။ ဆိုင်ကယ်ကို ရှောက်ပင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ထားထားတယ်၊ စစ်သားတွေသတ်ပစ်တာကို ရွာခံပြည်သူဆီက တိကျတဲ့ သတင်းပို့လာတာပါ” လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က မောင်းကို ပြောပါတယ်။

မတရားဖမ်းဆီး သတ်ဖြတ်ခံရတဲ့ အမျိုးသားဟာ ဂန့်ဂေါမြောက်ပိုင်း ကျော်ရွာဇာတိဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ ရှောက်ပင်ရွာထဲမှာ အထိုင်ချထားတာ တစ်နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြ၀တီမြို့အနီး စစ်ကောင်စီ၏ ဗျူဟာမြောက် ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘုရင့်နောင်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေနဲ့ ထိုင်းသတင်းတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။ 
Read More

မန္တလေးမှာ ​အဆောက်အဦးပြိုကျလို့ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ယောက်သေကာ ကလေးတွေအပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရ

မန္တလေးမှာ အဆောက်အဦးပြိုကျပြီး အသက် ၅၀ အရွယ် အမျိုးသမီး၁ယောက်သေဆုံးကာ ကလေးငယ် ၂ယောက်အပါဝင် ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay ထံက သိရပါတယ်။
Read More

စစ်ကောင်စီကို တိုက်ခိုက်နေသည့် NUG ၊ EAO နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီရန် အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေနဲ့ ဒေသတွင်း(Local) လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

နွေဦးဘဏ်က တစ်ရက်တာအတွင်းဒေါ်လာ ၂ ဒသမ ၂ သန်းကျော်အထိ ရှယ်ယာရောင်းချနိုင်ခဲ့

NUG ရဲ့  ဗဟိုဘဏ်လည်း ဖြစ်တဲ့ နွေဦးဘဏ်က ရှယ်ယာရောင်းချမှုအဖြစ် တစ်ရက်တာအတွင်း ဒေါ်လာ ၂ ဒသမ ၂ သန်းကျော်ရရှိခဲ့ကြောင်း Spring Development Bank က မနေ့က နိုဝင်ဘာ ၁၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။  
Read More

ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) မှ ရှေ့တန်းစစ်မြေပြင်များတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်း (၂) ၊ ရေးပြောက်ကျားတပ် (YGF) အနေနဲ့ စိုးမိုးနယ်မြေတွေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။‎