စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုတပ်စွဲထားတဲ့ အထိုင်ချ စခန်းတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့ မနေ့က ဆားလင်းကြီးမြို့ပေါ် ရဲစခန်း၊ မင်းကန်ကြီး၊ တာဝတိံသာ ၊ထွေအုပ်ရုံးတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး Fixed Wings Done တွေနဲ့ ဗုံးသီးကြဲချကာ လက်နက်ငယ်တွေနဲ့ပါ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ ဗုံးသီးတွေထိမှန်ခဲ့လို့ အကြမ်းဖက်စစ်အုပ်စု အထိနာခဲ့ပြီး ညနေပိုင်းအထိ စစ်အုပ်စုစခန်းတွေကို ပိတ်ဆို့ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့(Salingyi)၊ SOLO အောင်ကြီး(Salingyi)၊ S PDF၊ ချင်းတွင်ကာကွယ်ရေး(CDF)၊ မျိုးဆက်သစ် လူငယ်၊ S R A နဲ့ တိုက်နယ် ပ ကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
Video – UIay Gyi