မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နွယ်တမယ်ကျေးရွာ အကြမ်းဖက်စစ်အုပ်စုအထိုင် စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Bamar Army ကဒီနေ့ ဇန်နဝါရီ ၂၆ ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်က ဆင်ဖြူကျွန်းမြို့ နွယ်တမယ်ကျေးရွာက အကြမ်းဖက်စစ်အုပ်စု အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်ပို့ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ဖြတ်တောက်နိုင်ခဲ့ပြီး ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်အုပ်စုဟာ ဂျက်တိုက်လေယာဉ်များ အသုံးပြုကာ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စလေမြို့ အခြေစိုက် ခလရ ၄၁၆ မှာ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီး တော်လှန်ရေးရဲဘော်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို BAMAR ARMY)နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဗမာ့တပ်တော်(BA)ဟာ ၁၉၄၇ခုနှစ် ဖေဖော်ဝါလရီလ ၁၂ရက်နေ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေချုပ်ဆို ခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံအနှစ်သာရကို လေးစားတန်ဖိုးထားတဲ့ တပ်တော်တစ်ခုဖြစ်တယ်လို့ ပြည်သူတွေကို အသိပေးထုတ်ပြန် ထားပါတယ်။

Video – Bamar Army

0 Shares:
You May Also Like
Read More

ပေကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်က ပေကြီးရွာမှာ ယာယီတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင်-တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

ကန့်ဘလူခရိုင်အတွင်း ဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ အကြမ်းဖက်စစ်သားပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် ကန့်ဘလူခရိုင် -တပ်ရင်း ၄ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း ဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၆၁ အကြမ်းဖက်စစ်သားပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို ကန့်ဘလူ ခရိုင် တပ်ရင်း ၄ ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာ မီးလောင်မှု ဖြစ်ပွား၊ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှာ မတ်လ ၁၂ ရက် မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

Myingyan Black Tiger(MBT) မှ ဖလမ်းမြို့သိမ်းတိုက်ပွဲမှတ်တမ်းရုပ်သံ ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်သိမ်းပိုက် ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Myingyan Black Tiger(MBT) မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေစကြိုမြို့ပေါ် ထွေအုပ်ရုံးကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံးကို ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်းက ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့  Myingyan Black Tiger တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား  တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။