စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာမှာ အထိုင်ချပြီး ခရီးသွားပြည်သူတွေဆီက ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Yae Nagar အဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပိုင်း နတ်ရေကန်ကျေးရွာမှာ အထိုင်ချပြီး ခရီးသွားပြည်သူများဆီက ခြိမ်းခြောက် ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲတာကြောင့် အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပကဖ အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ yaenagar စစ်ကြောင်းနဲ့ မုံရွာခရိုင် ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
Video – Yae Nagar