စစ်ကော်မရှင် အုပ်ချုပ်မှုအောက်က ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲ ခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၄ ရက် နေ့က တာချီမြို့ ဆန်ဆိုင်း (က) ရပ်ကွက် ဆန်ဆိုင်းစျေး အနောက်ဘက်လမ်း တရုတ်ကုန်စုံဆိုင်မှာ အမျိုးသမီး ၁ ဦးကို သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။
လူမှုကွန်ရက်ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်မှာ ကားအဖြူ ၁ စီးနဲ့ ရောက်လာတဲ့ သေနတ်ကိုင် မျက်နှာဖုံးစွပ် အမျိုးသား ၄ ဦး ဆိုင်အတွင်း ဝင်ရောက်လာပြီး အမျိုးသား ၂ ဦးဟာ ဆိုင်ထဲက အမျိုးသမီးကို အဓမ္မချုပ်နှောင် ကားပေါ်တင်ပြီး မောင်းထွက်သွားခဲ့တာကို တွေ့မြင်ရပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို တာဝန်ရှိသူတွေ လိုက်လံစုံစမ်းနေပြီး ဒီနေ့အထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
Video – လူမှုကွန်ရက်