အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲအတုကို ပြည်ပ အသိအမှတ်ပြုတာ မပြုတာ သူနားမလည်ကြောင်း နဲ့  ပြည်သူအသိမှတ်ပြုရင်ရပြီလို့ ဒီနေ့မနက် မန္တလေးမြို့ရှိ မဲရုံတွေကို လိုက်လံကြည့်ရှုချိန်မှာ စစ်လော်ဘီသတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်က သူ့အလိုကျ လုပ်ဆောင်ထားတဲ့ ၂၀၂၅ ရွေးကောက်ပွဲအတုကို နိုင်ငံတကာက အသိမှတ်ပြုတာ မပြုတာထက်၊ (အတင်းအကျပ်) မဲပေးရသူတွေနဲ့ သူ့ကိုထောက်ခံသူတွေ မဲပေးတာနဲ့တင် တရားဝင်ပြီဆိုပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ဂရုမစိုက်လေဟန်နဲ့ ပြောဆိုခဲ့တာပါ။

“မြန်မာပြည်ထဲကလူတွေ မဲပေးတာလေ။ သူတို့အပြင်က လူတွေပေးတာ မဟုတ်ဘူး။ သူတို့ဘယ်သူပဲ ထောက်ခံထောက်ခံရတယ်။ အခုမဲလာပေးတဲ့ သူတွေကလည်း သူတို့ထောက်ခံချင်တဲ့သူရှိလို့ လာပေးတာလေ။ မပါရင် လာမပေးပဲ နေမှာပေါ့။ မဲလာမပေးတဲ့ အခြေအနေ ၂ခုရှိတယ်။ ထောက်ခံတဲ့သူ မပါလို့ လာမပေးတာ၊ နောက်တစ်ခုက မဲပေးဖို့ လုံခြုံမှုမရှိလို့ လာဖို့အခက်အခဲရှိလို့ လာမပေးတာပါ။ မဲပေးတဲ့ စာရင်းတွေ ထုတ်ပြန်ပေးပါတယ်။ ဒီတော့ နိုင်ငံခြား အသိမှတ်ပြုတာ မပြုတာ နားမလည်ဘူး” လို့  မင်းအောင်လှိုင်က သတင်းဌာနတွေကိုဖြေဆိုခဲ့ပါတယ်။

စစ်ကော်မရှင်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ သူတို့အာဏာဆက်လက်ချုပ်ကိုင်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ နိုင်ငံရေးထောင်ချောက်လို့ ပြည်သူအများစုက ယုံကြည်နေကြပြီး၊ ဒီရွေးကောက်ပွဲအတုရဲ့ ပြီးခဲ့တဲ့ အပိုင်း ၁ နဲ့ ၂ တွေမှာလည်း မဲပေးသူအလွန်နည်းပါးခဲ့ပါတယ်။

ဇန်နဝါရီလ (၂၅) ရက်၊ ဒီနေ့မှာတော့ ရွေးကောက်ပွဲအတု အပိုင်း(၃)ကို နိုင်ငံတဝှမ်းမြို့နယ်ပေါင်း ၇၂ မြို့နယ်မှာလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မန္တလေးမြို့ကို သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်က တောင်ယမားဆည်ကို မြို့နယ် ပအဖ သွားရောက်ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံ၊ တိုက်နယ် ပအဖ ခေါင်းဆောင်တွေပ တောင်ယမားဆည်ဆီ သွားရောက်ပြီး ဆည်ရေအခြေအနေ၊ ရေပိုလွှဲကနေ ရေကျော်နေမှုနဲ့ ရေလွှတ်မြောင်းမကြီးက ရေလွှတ်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ပုလဲမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ
Read More

ကန့်ဘလူတောင်ဘက်ခြမ်းရှိ ရွာ ၅ ရွာအား ဝါသဝနှင့် ပူးပေါင်းစစ်ကြောင်း စီးနင်းမီးရှို့၊ စစ်အုပ်စုက လေဖြတ်နေသည့် အသက် ၈၀ ကျော် အဘွားအိုကို မုဒိန်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၄ ဦးကိုလည်း မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို စီးနင်းမီးရှို့ရင်း အရပ်သား ၅ ယောက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းပွဲ

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မနေ့က KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army - MLA က ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်မှာ သပိတ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ် ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း တစ်နေရာမှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး( BLDF)၊ စစ်ဒေသ (၁)နဲ့ လက်ပံတောင်းတောင်ပင်မ သပိတ်တို့ ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
Read More

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦး သေဆုံး…

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။