ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ် တပ်သား (၅) ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဆီဘက်ပြောင်း ခိုလှုံလာခဲ့တယ်လို့ KNU မြိတ်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ-၄၀၆) ကတပ်သား ၅ ဦးဟာ KNLA  တပ်မဟာ (၄)၊ တပ်ရင်း (၁၀) ကို အလင်းဝင်ရောက်လာတာဖြစ်ပြီး သူတို့နဲ့အတူ MA-1 (၃) လက်၊ MA-2 (၁) လက်၊ MA-3 (၁) လက်၊ BA-100 (၁) လက် အပါအဝင် ကျည်ဆန်တွေနဲ့ အခြားစစ်သုံးပစ္စည်းတချို့ကိုပါ  တစ်ပါတည်း ယူဆောင်လာခဲ့တာလို့ သိရပါတယ်။

KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၀ ထံကို အလင်းဝင်ရောက်လာသူ ၅ ဦးကို တွေ့ရစဉ် (ဓာတ်ပုံ KNU – Mergui-Tavoy District)

လက်ရှိ အာဏာသိမ်းစစ်တပ်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံနေရတဲ့ တပ်သားတွေ အနေနဲ့ နီးစပ်ရာတော်လှန်ရေး တပ်ဖွဲ့တွေဆီကို ရရာနည်းလမ်းနဲ့ ဆက်သွယ် လက်နက်ချ အလင်းဝင်ရောက် ဖို့ကိုလည်း KNU ကတိုက်တွန်းနှိုးဆော် ထားပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမြို့နယ်မြောက်ပိုင်းရှိ ပြည်သူ့ ဆေးရုံကို အကြမ်းဖက်စစ်‌တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်…

ဩဂုတ်လ (၁၁)ရက်၊ ည (၈)နာရီ (၂၁)မိနစ်မှာ ကလေးမြို့နယ်မြောက်ပိုင်းရှိ "People's Healthcare Network (Kalay)" ရဲ့ "Station Hospital - Northern Kalaymyo (မြောက်ပိုင်းတိုက်နယ်ဆေးရုံ) - PHN (Kalay)"ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၃ ယောက်သေပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း NUG တရားဝင်ထုတ်ပြန်…

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၆ လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေကို ယုံကြည်နိုင်တယ်၊ သံသယဖြစ်စရာ မရှိဘူးဟု အာဏာသိမ်းစစ်တပ် ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးပါတီ ပြော

အာဏာသိမ်းစစ်တပ်က စီစဥ်ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ပြည်သူတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေကို သံသယမဖြစ်ဘဲ ယုံကြည်နိုင်တယ်လို့ ပျော်ဘွယ်မြို့နယ်မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကြံ့ခိုင်ရေး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပြောခဲ့ပါတယ်။
Read More

“မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး” အတွက် ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်သစ်တွေ ခေါ်ယူနေ

"မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး" အတွက် အတူ လက်တွဲ တိုက်ပွဲဝင်ဖို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ရဲဘော်သစ်တွေ ခေါ်ယူနေပါတယ်။
Read More

ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲမှ အောင်ပွဲဖြင့် ပြန်လာသည့် BLDF ရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာ တိုက်ပွဲကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲဘော်တွေကို ပြည်သူတွေ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။