မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာ တောင်ဘက်မှာ အထိုင်ချတပ်စွဲပြီး ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းက ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ အထိုင်ချတပ်စွဲပြီး ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုကို ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်အနီးနဲ့ အထိုင်ချရာနေရာသို့ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်အုပ်စုရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ အတည်ပြုနိုင်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲ့ဒီနေ့ ည ၈ နာရီကျော်လောက်မှာ စစ်အုပ်စုဟာ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို အောင်မြေ ပြောက်ကျားတပ်ဖွဲ့နဲ့ ပကဖ-လက်နက်ကြီး-COBRAONE Pakokku တပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Video – COBRAONE