မကွေးတိုင်း ပခုက္ကူမြို့နယ် ကြိုးတန်းရွာကို မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ Ayar Daung အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းမှာ ပခုက္ကူမြို့နယ် ကြိုးတန်းရွာက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ရွာကို မီးရှို့ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုကို မြေပြင်အနေအထားအရ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ကမ္မမြို့ရဲစခန်းထဲ ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ABSDF အမှတ် ၃ စစ်ကြောင်း၊ Student Armed Force ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ကမ္မတပ်ပေါင်းစု၊ မြို့နယ်ပြည်သူ့လုံခြုံရေး အင်အားစု (Red Giant RG)(Hunter Pakokku)(ဗိုလ်မီးတောက်)(YGF လူငယ်ပြောက်ကျားတပ်ဖွဲ့)(Pi PDF)(Tiger WarriorForce)နဲ့ ခရိုင် ပကဖ တပ်ဖွဲ့ ၅ ဧရာဒေါင်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရ ပါတယ်။

Video – Ayar Daung

0 Shares:
You May Also Like
Read More

မိုင်းငေါ့မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းမှ ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ် အင်မထီးပျူစခန်းနဲ့ ကံဒေါင့်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၁၀၀ ကျော်ကြဲချတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံ အများအပြားသေ(ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးပျူစခန်းနဲ့ ကံဒေါင့်ရဲစခန်းကို စက်တင်ဘာလအတွင်း ဒရုန်းနဲ့ ဗုံးသီး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ သေဆုံးခဲ့တယ်လို့  Eagle Wings Drone Force  ထံက သိရပါတယ်။
Read More

မြောင်မြို့နယ်ကို စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁၇ ယောက်ခန့် သေကာ ၇ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကို စစ်ကြောင်းထိုးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၁၀ ကျော်သေပြီး ၇ ယောက် ဖမ်းမိခဲ့တယ်လို့ 𝗠𝘆𝗮𝘂𝗻𝗴 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗣𝗲𝗼𝗽𝗹𝗲 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 အဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

“အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး အကြမ်းဖက်စစ်ကော်မရှင်ဟာ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပြီး ကျင်းပပြုလုပ်မယ့် အတုအ‌ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။
Read More

နောင်ချိုမြို့ လူနေရပ်ကွက်ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းက TNLA သိမ်းပိုက်ထားတဲ့ ‌နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဒီနေ့ (စက်တင်ဘာ ၁၉ရက်) မနက် ၃ နာရီဝန်းကျင်ခန့်က ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန် – မန္တလေး အမြန်လမ်းမပေါ် မန္တလေးတိုင်း ပကဖ ပူးပေါင်းအဖွဲ့များ ရှောင်တခင်သွားရောက်စစ်ဆေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း ပကဖအဖွဲ့၊ စဉ့်ကိုင်မြို့နယ် ပကဖ၊ တံတားဦးမြို့နယ် ပကဖ အဖွဲ့များ ပူးပေါင်းပြီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ရှောင်တခင် စစ်ဆေးခဲ့တဲ့ ရုပ်သံဖိုင်ကို ပကဖအသံက ဒီကနေ့ ထုတ်ပြန်ပါတယ်။