ကချင်ပြည်နယ် ၊ ဖားကန့်မြို့ပေါ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း (၃)  ကျင်းပ ပြုလုပ်ပေမယ့် မဲထည့်သူမရှိသလောက် နည်းပါးခဲ့တယ်လို့  နယ်မြေခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ဒီနေ့မနက်ပိုင်းမှာ ဖားကန့်မြို့ပေါ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ မဲရုံတွေကို လုံခြုံရေးချထားပြီး ဆောက်လုပ်ခဲ့ပေမယ့်လည်း မဲရုံကို ဖွင့်လှစ်နိုင်ခြင်း မရှိသလို မဲလာထည့်မယ့် သူတွေလည်းမရှိဘူးလို့ ဆိုပါတယ်။

“ဖားကန့်မြို့ကတော့ တိတ်ဆိတ်နေတာပဲ။ ဖားကန့်မြို့မှာတော့ လက်ရှိအချိန်ထိ စစ်ကောင်စီက သူတို့မဲရုံတွေကိုဖွင့်လှစ်နိုင်ခြင်းမရှိဘူး။ မဲရုံမှာသူတို့ စစ်ကောင်စီ စာသင်ကျောင်းက ဆရာ၊ ဆရာမတွေ၊ မဲရုံတာဝန်ခံတွေ နဲ့လွတ်ထားတာ။ ၂၃ ရက်နေ့ ညနေ ၃ နာရီထဲက အရောက်။ တာဝန်ကျတဲ့မဲရုံတွေမှာ အိပ်ပြီးအဲဒီမှာစားဖို့အကုန်စီစဉ်ပေးတယ်။ လုံခြုံရေးကအစ တာဝန်ယူပေးတယ်။ လက်ရှိအချိန်ထိတော့ မဲရုံးမှူးတွေ အနေနဲ့မဲရုံကိုဖွင့်လှစ်နိုင်ခြင်းမရှိဘူး”လို့ဖားကန့်နယ်ခံ တစ်ယောက်ကမောင်းကို ပြောပါတယ်။

ဒီနေ့မနက်မှာက ဖားကန့်မြို့ပေါ်ရှိ ဆိုင်ခန်းတွေကိုပိတ်ထားကြသလို၊ လမ်းမပေါ်မှာလည်း ပြည်သူတွေ သွားလာတာလည်း သိပ်မရှိဘူးလို့ သိရပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ ဖားကန့်မြို့ပေါ် နဲ့ မြို့ ပေါ်ရပ်ကွက်က နေရာတွေမှာ မဲရုံဆောက်လုပ်ထား ပေမယ့်လည်း မဲရုံကိုဖွင့်လှစ်နိုင်တာ မရှိပေမယ့် မြို့ပေါ်နဲ့ ဝေးတဲ့ ရပ်ကွက် ငယ်လေးတွေမှာတော့ မဲရုံကိုဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဖားကန့်မြို့နယ် ကတော့ စစ်ကောင်စီရဲ့ တတိယအသုတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာပါတယ်။ ဒါပေမယ့် ဖားကန့်မြို့ဧရိယာဝန်းကျင်မှာတော့ သူတို့မလုပ်နိုင်ဘူး။ မြို့ပေါ်မှာတော့ မြို့ပိတ်ပြီးလုပ်တယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိတော့ မအောင်မြင်ဘူးပြောရမှာပေါ့။  ဖားကန့်မြို့နယ်အောက်မှာ ကာမိုင်းမြို့နယ်ခွဲမှာ စစ်ကောင်စီက သူတို့ထိန်းချုပ် ထားတဲ့နေရာ ဖြစ်တဲ့အတွက်ရွေးကောက်ပွဲ လုပ်တယ်။ ဖားကန့် ကာမိုင်းလမ်းကိုလည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့အတွက် ကာမိုင်းလမ်းပေါ်က ကပ်မှော်စီ ကျေးရွာအုပ်စုမှာ ရွေးကောက်ပွဲလုပ်တယ်”လို့ ဖားကန့်နယ်ခံက ဆက်ပြော ပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ဖို့အတွက် ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဖားကန့်မြို့အဝင်အထွက်လမ်း အားလုံးကို ပိတ်ထားပြီး ရွေးကောက်ပွဲမှာ ပါဝင်မယ့် ဆရာ ၊ ဆရာမများကိုလည်း ဇန်နဝါရီ ၂၃ ရက်နေ့ ကတည်းက ခေါ်ယူထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စီပါရွာ ဖြစ်ရပ်ဆိုးဟာ စစ်ရာဇဝတ်မှုမြောက်လို့ ICC ကတဆင့် စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

လယ်ကွင်းထဲမှာ စစ်အုပ်စု စနိုက်ပါနဲ့ ပစ်ခံရပြီး ၂ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊  ငါန်းဇွန်မြို့နယ်မှာ ငါန်းမြာကြီးရဲစခန်းထဲက ထွက်လာတဲ့ စစ်အုပ်စုတွေ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံးသွားကြောင်း မြင်းခြံခရိုင်၊ တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲ့တာဝန်ခံ ကိုသက်ကြီးက မောင်းကို ပြောပါတယ်။
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း PDF ထံ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ကိုယ်စီနှင့် အလင်းဝင်

"လုံခြုံရေးအရ သူတို့အလင်းဝင်ရောက်လာတဲ့ တပ်ရင်းကိုတော့ ဖြေဆိုနိုင်ခြင်းမရှိပါခင်ဗျာ။‌ ကျနော်တို့ကိုဆက်သွယ်ပြီး တစ်ပတ်အတွင်းမှာ ရအောင်ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်" လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) တာဝန်ခံ ရဲဘော်စစ်ငြိမ်းနိုင်က မောင်း ကိုပြောပါတယ်။
Read More

မိုးကုတ်၊ မိုးမိတ်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရန် အနီးကပ် ကြီးကြပ်ကာ ဆက်လက်တိုက်ပွဲဝင်နေကြောင်း NUG အသိပေး

မိုးကုတ်နဲ့ မိုးမိတ်ဒေသတွေကို ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ကာ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြည်သူနဲ့လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရေး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

ရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ကာ မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။