မြန်မာစစ်တပ်က ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်ကို တရားဝင်ဖြစ်အောင် ကြိုးပမ်းတဲ့ “အတုအယောင်”တစ်ခုသာဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ လုံးဝလက်မခံသင့်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ် (Tom Andrews) က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထပ်မံတိုက်တွန်းပြောကြားလိုက်ပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုဘဲ စစ်အာဏာရှင်တွေက အရပ်သားအဝတ်အစားလဲပြီး အာဏာဆက်ယူဖို့ စီစဉ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း သူကဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထုယုံကြည်တဲ့ ခေါင်းဆောင်တွေကို ထောင်ချထားပြီး အဓိက အတိုက်အခံပါတီတွေကို ပိတ်ပင်ထားတဲ့အပြင် သတင်းမီဒီယာတွေကိုပါ ပိတ်ဆို့ထားတဲ့ အခြေအနေမှာ ကျင်းပနေတဲ့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု လုံးဝမရှိဘူးလို့ ထောက်ပြထားပါတယ်။

“စစ်အုပ်စုက သူ့လက်အောက်ခံပါတီတွေ အနိုင်ရအောင် အစစအရာရာ စီမံထားတာပါ။ အရေးပါတဲ့ အတိုက်အခံပါတီတွေကို ပိတ်ပင်၊ လူကြိုက်များတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း ထောင်ချ၊ သတင်းမီဒီယာတွေကို ပိတ်ပင်ပြီး ပြည်သူတွေကို အကြောက်အလန့်တွေကြားးမှာ ဖိအားပေး မဲပေးစေခဲ့ပါတယ်။ စစ်အာဏာရှင်ကို အရပ်သားအဝတ်အစားလဲပြီး လက်ခံစေချင်တဲ့ စစ်အုပ်စုရဲ့ ကြိုးပမ်းမှုကို ကမ္ဘာ့အစိုးရတွေအနေနဲ့ လုံးဝခွင့်မပြုသင့်ပါဘူး” လို့ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အစိုးရတွေအနေနဲ့ ဒီရွေးကောက်ပွဲရလဒ်ကို လက်ခံလိုက်မယ်ဆိုရင် စစ်အာဏာရှင်ကို တရားဝင် အသိအမှတ်ပြုရာ ရောက်သွားမှာဖြစ်ပြီး မြန်မာ့အရေးကို ပိုမိုဆိုးရွာစေမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ဆီ စီးဝင်နေတဲ့ လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးလမ်းကြောင်းတွေကို ဖြတ်တောက်ပြီး ဖိအားပေးကြဖို့လိုကြောင်းကိုလည်း သူက ထပ်မံတောင်းဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ပြောင်မြောက်တဲ့သတ္တိကို ပြသထားပြီးဖြစ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့အနာဂတ်ကို စစ်တပ်က ဇတ်လမ်းဆင်ဖန်တီးထားတဲ့ အတုအယောင်စနစ်အောက်က မဟုတ်ဘဲ၊ မိမိတို့ဆန္ဒအလျောက် လွတ်လပ်စွာဆုံးဖြတ်ခွင့်ရသင့်ကြောင်းကိုလည်း တွမ်အန်ဒရူးစ်က အလေးအနက် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း KNLA ဗဟိုစစ်ဦးစီးဌာနချုပ် ထုတ်ပြန်…

ထိုင်းနိုင်ငံအတွင်း မတ်လ ၂၁ ရက်မှာ ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ လုံး၀ စပ်ဆိုင်ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU) ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ခံယူထားတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာတွင် လူငယ် ၃ ယောက်မှာ ၁ ယောက်နီးပါး စစ်မှုထမ်းခေါ်ယူခံရမှာကို စိုးရိမ်နေဟု ဆို

အာဏာသိမ်းစစ်တပ် လက်အောက်မှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ နေ့စဥ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတာ ဖြစ်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဥပ‌ဒကလည်း ကြီးကြီးမားမား သက်ရောက်မှုရှိနေပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများမှ ကယ်ထုတ်လာသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ထဲက ပထမအသုတ် ၅၀ ကို ထိုင်းမှတဆင့် တရုတ်ထံ လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ထိုင်းမှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်၊ ၁၇ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းဘူးရီးခရိုင်မှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်သွားပြီး လူ (၁၇) ယောက်သေဆုံးကာ အယောက် (၄၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။  
Read More

တီမောလက်စ်တီကို အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့် စစ်ကောင်စီကန့်ကွက်

တီမောလက်စ်တီ အစိုးရဟာ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေရင် “တီမောလက်စ်တီကို အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ပေးဖို့ စဉ်းစားချက်တွေကို ပြတ်ပြတ်သားသား ပယ်ချမှာဖြစ်တယ်” လို့ စစ်ကောင်စီခန့် အာဆီယံ-မြန်မာ အထွေထွေ အကြီးတန်း အရာရှိများ အစည်းအဝေး (SOM) ခေါင်းဆောင် ဟန်ဝင်းအောင် လက်မှတ်ရေးထိုးထားတဲ့ အဲဒီစာမှာ ဖော်ပြထားပါတယ်။