မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်မှာ မဲရုံလုံခြုံရေးစောင့်နေတဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Twenty-One Guerilla Force တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တော်လှန်ရေးတပ်တွေ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ်မှာ မဲရုံစောင့်နေရင်း အပြင်ကိုထွက်လာတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တဦးကို လက်ရဖမ်ဆီးရမိခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်တွေဟာ အဆိုပါ ပျူစောထီးအဖွဲ့ဝင်ကို ကာဘိုင်သေနတ် (၁) လက်၊ ခဲယမ်းတချို့နဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရတာပါ။

အဆိုပါဖမ်းဆီးခဲ့မှုကို မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း၊ တပ်ခွဲ (၁) ဖြစ်တဲ့ Myingyan Twenty-One Guerilla Force နဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ TFM ပျောက်ကြားတပ်ဖွဲ့၊ TLK ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ဖမ်းဆီးရမိတဲ့ ပျူစောထီးကို တွေ့ရစဉ် (Myingyan Twenty-One Guerilla Force)
0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က ၆ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၆ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရာမညစစ်ကြောင်းက အဝေးပြေးလမ်းပိုင်း တစ်နေရာမှာ စစ်ဆေးမှုပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်မှာ အခြေစိုက်ပြီး စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ ရာမညစစ်ကြောင်းက မွန်ပြည်နယ်အတွင်း အဝေးပြေးလမ်းပိုင်းတစ်နေရာမှာ လုံခြုံရေးအတွက် စစ်ဆေးမှုတွေပြုလုပ်နေပုံကို အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံး၊ (၃) ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီဒေသ အငတ်ဘေးကြုံအောင် အကြမ်းဖက်စစ်တပ် ရည်ရွည်လုပ်ဆောင်နေ

အကြမ်းဖက်စစ်တပ်ဟာ ကရင်နီဒေသကို အငတ်ဘေးကြုံလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်နေကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။