ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးစစ်ဆေးတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ စစ်သား (၂)ယောက်သေဆုံးပြီး ထိခိုက်သူတွေ ရှိခဲ့တယ်လို့ ဧရာဝတီအမှတ် (၃)တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ (၂၃)ရက်၊ မနေ့ မနက်ပိုင်းက ဖြူးမြို့နယ်၊ ဇောင်းလျှားခုံကျေးရွှာဆီ ရှောင်တခင် ဝင်ရောက်ဝင်ရောက်စစ်ဆေးတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတက်ဖွဲ့ဝင်တွေက လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့နိုင်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က (၂)ယောက်သေဆုံးခဲ့ပြီး အလောင်းတွေကို ပြန်သယ်သွားကြတယ်လို့လည်း သိပါတယ်။

“သူတို့တွေက တပ်ရင်းတွေရယ်လိုတော့ မဟုတ်ဘူး။ စုပေါင်းဆက်ပေါင်းလာကြတာပါ။ အင်အားက ၃၀နဲ့ အထက်ပါတယ်။ ကျနော်တို့ မစ်ရှင် လုပ်တဲ့နေရာမှာတော့ ၈ ယောက်လောက်ပါတယ်” လို့ ဧရာဝတီအမှတ် (၃)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ- ဧရာဝတီ အမှတ်(၃) တပ်ရင်း တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

သူကဆက်လက်ပြီး “သူတို့ မထင်မှတ်ထားတဲ့နေရာကနေ ကျနော်တို့ ဝင်ပစ်ခဲ့တာပါ။ သူတို့ကလဲ ကျွန်တော်တို့ ပစ်မယ်ထင်တဲ့နေရာတွေကို ကင်းပုန်းဝတ်ပြီး သေသေချာချာစောင့်နေတာ။ အဲ့မှာ ဆုံးဖြတ်ချက်မှန်လို့ ကိုယ့်ဘက်အထိအခိုက်မရှိခဲ့တာပါ” လို့ ဧရာဝတီအမှတ် (၃)တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ခိုက်မူအပြီး အကြမ်းဖက်စစ်တပ်ဘက်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတာအပါအဝင် ကားတွေရပ်ခိုင်းပြီး သေဆုံးအလောင်းတွေကို သယ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ကို ဧရာဝတီအမှတ် ၃ တပ်ရင်း၊ ဟင်္သာတခရိုင်အမှတ် ၂ တပ်ရင်း)နဲ့အတူ ဘဗျူ ၂၃/၂၄. စနိုက်ပါအဖွဲ့ကအတူ တိုက်ခိုက်ခဲ့ကြတာပါ။ ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းက ဖြူးမြို့နယ်မှာ ရွေးကောက်ပွဲတတိယပိုင်းလုပ်ဖို့ အကြမ်းဖက်စစ်တပ်က ပြင်ဆင်နေသလို၊ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာပဲ တော်လှန်ရေးတပ်တွေက ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ မီးရထားလမ်းပိုင်းတွေကို ဝင်ရောက်တိုက်ခိုက်ထားတာကြောင့် စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

ဒါကြောင့် အရပ်သားတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ကြပါဖို့နဲ့ စစ်တပ်နဲ့ နီးနီးကပ်ကပ်နေထိုင်တာတွေမပြုလုပ်ကြဖို့ကို ဧရာဝတီအမှတ် (၃)တပ်ရင်းက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ကောလင်းအရှေ့ခြမ်းရှိ ဆေးရုံနှင့်စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၃) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ အရှေ့ခြမ်းရှိ ဆေးရုံနဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။
Read More

ရေဦးမှာ တိုင်းရင်းဆေးရုံထဲအထိုင်ချထားတဲ့ စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးမှန်လို့ လယ်ထဲပေါင်းနုတ်နေတဲ့ အမျိုးသမီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့လို့ ပေါင်းနုတ်နေတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး၊ ရေနစ်သေဆုံးသူ ၃ ဦးအထိ ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၁) မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး  ကလေးငယ် တစ်ယောက် ရေနစ်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို TNLA အမျိုးသမီး စစ်သည်တွေ ဦးဆောင်ပြုလုပ်ခဲ့…

တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မီတာခ ကောက်ဖို့ ပျူစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်၊ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာ ပျူစောထီး အထိုင်စခန်းကနေ မီတာခကောက်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ JUSTICE WARRIORS FORCE အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ လှူဒါန်း

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေက စစ်ဘေးရှောင်စခန်းတွေကို ဘန်ကောက်အခြေစိုက် ပြည်ပရောက်မြန်မာ (PPYM) အဖွဲ့က ဆန်၊ ဆီဲ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အဝတ်အထည် စတာတွေ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ PPYM အဖွဲ့အနေနဲ့ စစ်ရှောင်စခန်း ၃ခုကို သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။