ပဲခူးတိုင်း နတ်သံကွင်းမြို့နယ်အတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီမြို့နယ်ဂဠုန်တပ်ဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက်က နတ်သံကွင်းမြို့နယ် ပဲနွယ်ကုန်းနဲ့ ကျောက်ကြီးလမ်းပေါ်ရှိ အကြမ်းဖက်စစ် တပ်ရဲ့ ကာကင်းစခန်းကို ROBIHHOOD Missile Team က ထုတ်လုပ်ထောက်ပံ့ထားတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းအနီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စစ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“အထိခိုက်သေဆုံးကတော့ အတိအကျတော့ မသိသေးဘူး၊ ထိခိုက်မှုရှိနိုင်တယ်လို့ ယူဆထားတယ်၊ စခ ဘက်က ကောင်တာပြန်ပစ်တာတော့ မရှိဘူး၊ ဘယ်ကနေပစ်လို့ပစ်မှန်းတောင် သိမှာမဟုတ်ဘူး၊ ဒီဘက်မှာ ဒီလက်နက်က အစိမ်းဖြစ်နေတာပေါ့၊ သူတို့ အဲဒီအထိုင်စခန်းကို ကျနော်သိသလောက် သွားပစ်တာက ၄၊ ၅ ကြိမ် မကတော့ဘူး” လို့ သာယာဝတီမြို့နယ် ဂဠုန်တပ်ဖွဲ့ရဲ့စစ်ရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို KNLA တပ်ရင်း (၉)၊ ပဲခူးခရိုင်အမှတ်(၂) P2-3702 တပ်ရင်း၊ သာယာဝတီမြို့နယ် ဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
Video-ပေးပို့