ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ခြေထောက် ဖြတ်ခဲ့ရတယ်လို့  ကူညီကယ်ဆယ်ခဲ့တဲ့ အဖွဲ့က သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက တောင်ငူမြို့နယ် မုန်း ၆ ရပ်ကွက်နေ အသက် (၅၇)နှစ်အရွယ် အမျိုးသမီးကြီး ၁ ဦး ထင်းခွေသွားရာကနေ မိုင်းနင်းမိပြီး ခြေထောက်ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကြီးဟာ လင်မယား ၂ ယောက်ထဲ နေထိုင်ပြီး ဆင်းရဲတဲ့အတွက် တောတောင်အတွက် ထင်းခွေ၊ ဟင်းရွက်ခူး အသက်မွေး ဝမ်းကျောင်းလုပ်ရသူ တွေဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ဟာ လက်ရှိ တောင်ငူဆေးရုံမှာ ဆေးကုသနေပြီး လိုအပ်တဲ့ အစားအသောက်၊ ဖြည့်စွက်စာတွေနဲ့ ခြေတုတပ်ဆင် တဲ့အထိ ကူညီပေးသွားမယ်လို့ သွားရောက်ကူညီခဲ့သူက ပြောပါတယ်။

Video – Kyaw Thu Ya

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့မှာ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီစခန်း ၂ ခုကို ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ကုန်းသာဦးနဲ့ အထကကျောင်းကို မတ်လ ၂၈ ရက်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်မှု တိုင်းဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိအပါအဝင် ၁၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။
Read More

ငဖဲက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ စာသင်ခန်း (ရုပ်/သံ)

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ စာသင်ခန်းမြင်ကွင်းတွေကို ACDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ စစ်‌ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက်လာပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီး အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာအနီးက ရေဦးဆီဆိုင်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ DK-PDF MMU အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် နမခမှ ထွက်လာတဲ့ ယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၁၅သေပြီး ၇ ယောက်အရှင်ဖမ်းမိကာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ထွက်လာတဲ့ Jammer ယာဉ် ၃ စီးနဲ့ ချောဆွဲခံထားရတဲ့ ရိက္ခာတင်ယာဉ် ၇ စီးကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက တော်လှန်ရေးပူး ပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) ထံက သိရပါတယ်။