မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တလုတ်ကုန်းကျေးရွာက PDF တွေကို စိန်ခေါ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ထောက်တိုင် ကြံ့ခိုင်ရေးပါတီဝင် မြင့်စိန်နဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မကွေး တောင်တွင်းကြီး အထူးပြောက်ကျား တပ်ဖွဲ့ဆီက သိရပါတယ်။

မြင့်စိန်ဟာ သူ့ရဲ့အိမ်ရှေ့မှာ ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ် ထောင် မဲရုံ‌ဆောက်ပြီး ပြည်သူတွေကို အတင်းအကြပ် မဲထည့်ခိုင်းခဲ့သလို၊ လာရဲတဲ့ PDF လာခဲ့လို့ စိတ်ခေါ်တဲ့ အတွက် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီလောက်မှာ မြင့်စိန်ရဲ့နေအိမ်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရတာပါ။

“သူက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကြိုးကိုင်ထားတာ။ မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း၊ ထောက်ခံ စာတွေ သူကပဲလုပ်တယ်။ သူ့အမျိုးသမီး‌ရော သူရော နှစ်ယောက်လုံး ကြံဖွတ်ပါတီဝင်တွေ” လို့ မကွေး တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မြင့်စိန် နဲ့ ဇနီးဖြစ်သူ လှကြည်တို့ဟာ ကျေးရွာမှာ မီတာခကောက်ခံတာ၊ ကျေးရွာရန်ပုံငွေတွေ သိမ်းဆည်းတာ မျိုးတွေလည်း လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြင့်စိန်ကိုသွားရောက် ရှင်းလင်းချိန်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်မှန်းမသိဘဲ ရဲဘော်တွေကို ခပ်မာမာဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။

” သူ့အိမ်ရောက်တဲ့အချိန် သူကဘယ်ရွာကလဲ မမြင်ဖူးဘူး၊ ဘာလုပ်တာလဲ ခပ်မာမာပဲပြောတယ်။ သူ့မိန်းမက သူ့အမျိုးသားထက်ဆိုးတယ်။ သူ့ကိုရှင်းပြီးတော့ ဘယ်စစ်သား ရဲမှလည်း မလာဘူး” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မြင့်စိန် နဲ့ အမျိုးသမီးဖြစ်သူ လှကြည်တို့ဇနီးမောင်နှံဟာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးကထဲက ငါတို့ခေတ်ရောက်ပြီလို့ ကြွေးကြော်ခဲ့သူတွေလို့ သိရပါတယ်။

အဲဒီလိုကြွေးကြော်ပြီး မကြာမီမှာပဲ သူတို့ဟာ ဒေသခံတွေဆီကနေ မီတာခတွေ ပိုမိုကောက်ခံတာ ၊ မဲမထည့်တဲ့သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုတာမျိုး လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

တောင်တွင်းကြီးမြို့နယ်က စစ်ကော်မရှင်သတင်းပေး ဒလံတွေ၊ ပျုစောထီးတွေအနေနဲ့ စစ်တပ်ကို သတင်းပေးတိုင်ကြားတာ၊ ပြည်သူတွေအပေါ် ငွေကြေးအတင်းအဓမ္မကောက်ခံတာ၊ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲတွေမှာ ပါဝင်ပတ်သက်တာတွေ လုပ်ရင်အချိန်မရွေးပစ်ခတ်ရှင်းလင်းသွားမှာဖြစ်တယ်လို့ မကွေး တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ABSDF အမှတ် ၃ စစ်ကြောင်းမှ ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF ရဲ့ အမှတ် ၃ စစ်ကြောင်းက ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းတွင် တပ်ဖွဲ့အချိန်းအပြောင်းလုပ်နေသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ ဘောင်ဒါအထိုင်စခန်းကနေ လူအချိန်းအပြောင်းလုပ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် အမှတ် (၂)၊ ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

မုဒုံတွင် ပစ္စတိုတစ်လက်နဲ့ ဆက်စပ်ပစ္စည်းများ တွေ့ရှိသည်ဆိုကာ လူ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့မှာ ပစ္စတိုသေနတ် ၁လက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိုးကုတ်မြို့တွင် ယနေ့မနက် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ကလေး (၁) ဦးအပါ ပြည်သူ (၃) ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် ပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။