စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-ချောင်းဦးလမ်းပေါ်မှာ စစ်ကော်မရှင် လက်အောက်ခံ တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ သွားတယ်လို့ Monywa Dynamite – Special Task Forceမှ သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၁ ရက်က မုံရွာ-ချောင်းဦး လမ်းမပေါ်မှာ ဆက်ကြေးကောက်ဖို့နဲ့ မိုင်းရှာဖို့ ထွက်လာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၂၀ လောက် ကို ပဒေသာမိုင်း ၂ နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသွားကာ သံပြားကာကား ၁ စီးနဲ့ ဒဏ်ရာရရှိသွားတဲ့ စစ်သားတွေကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို BRAVE HEART AYMY BHA၊ MONYWA DYNAMITE.STF နဲ့ CHINDWIN FIGHTER GROUP.CFG တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Video – Monywa Dynamite-Special Task Force