ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာ နာရေးဆုတောင်းပွဲတစ်ခုကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့  သေဆုံးသူ  ၂၂ ယောက်ထိ ရှိလာပြီး အများအပြား ထိခိုက်ထားတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ  နာရေးဆုတောင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရ တာကြောင့် အရပ်သားပြည်သူ တွေထိခိုက်သေဆုံးခဲ့ရတာလို့ သိရပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် စစ်တပ်က တိုက်ပွဲနေရာ မဟုတ်တဲ့ ဆီးလင်း၊ ကောင်ဂျာရွာမှာ ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ အရပ်သား အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတယ် လို့လည်း  KIO က ဒေသတွင်း သတင်းဌာနတချို့ကို ပြောဆိုထားပါတယ်။

ဇန်နဝါရီလ ၂၂ရက် ညနေပိုင်းက ဗန်းမော်မြို့၊ ဧရာဝတီမြစ် တစ်ဖက်ကမ်းမှာရှိတဲ့ ကောင်ဂျာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံး ၂ ကြိမ်ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကောင်ဂျာရွာ လေကြောင်း တိုက်ခိုက်ခံရပြီးမြင်ကွင်းများ
ကောင်ဂျာရွာ လေကြောင်း တိုက်ခိုက်ခံရပြီးမြင်ကွင်းများ

အကြမ်းဖက်စစ်တပ်ဟာ  ပေါင် (၅၀၀) ဗုံးသီး(၄) လုံးကြဲချခဲ့တာဖြစ်ပြီး ဗုံးသီးတွေဟာ ကျေးရွာအတွင်းကအရပ်သားတွေ စုပြီး နာရေးဆုတောင်း ဝတ်ပြုနေချိန် ပေါက်ကွဲခဲ့တာကြောင့် ထိခိုက် သေဆုံးတာတွေ များခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့  ကောင်ဂျာရွာမှာ ဗန်းမော်မြို့တိုက်ပွဲတွေကနေ လာရောက်ခိုလှုံနေတဲ့ စဘေးရှောင်တွေလည်းရှိနေပြီး အခုလို လူစုလူဝေးနဲ့ ဆုတောင်းနေချိန်ကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက် ခဲ့တာလို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ သိရတဲ့သတင်းတွေအရ သေဆုံးသူအရေအတွက် အယောက် (၂၀) ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ အများ အပြား ရှိတယ်လို့လည်း သိရပါတယ်။

ထိခိုက်သူတွေထဲမှာ လသားအရွယ် ကလေးငယ်တွေ ပါဝင်ပြီး မိဘဖြစ်သူတွေ သေဆုံး သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အချိန်ကြာလာပြီဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ရဲ့ ဗန်းမော်မြို့ သိမ်းတိုက်ပွဲဟာ လက်ရှိမှာ ပိုမိုပြင်းထန်လာပြီး အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကောင်ဂျာရွာ လေကြောင်း တိုက်ခိုက်ခံရပြီးမြင်ကွင်းများ
ကောင်ဂျာရွာ လေကြောင်း တိုက်ခိုက်ခံရပြီးမြင်ကွင်းများ
0 Shares:
You May Also Like
Read More

ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို သရုပ်ပြခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်က သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များ

ကျောင်းသားကျောင်းသူ ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို သရုပ်ပြဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတစ်ခု ရန်ကုန်မြို့လယ်ခေါင်မှာ ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force (YRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့သောင်းခရိုင်အတွင်း မူးယစ်ဆေးဝါး လွယ်လင့်တကူ သုံးစွဲလို့ရနိုင်သည်အထိ ဖြန့်ဖြူးရောင်းချမှုများ ဆိုးရွားလာနေ

"ဒီဘက်မှာ သုံးကြတာကတော့ အစုံပဲ။ WYသုံးတယ်။ ရေခဲသုံးတယ်။ အာစီယံ လို့ခေါ်တဲ့ ဘိန်းစာရွက်ပြုတ်ရည်သောက်တယ်။ နောက်ပြီး တချို့ဆို ကော်တွေပါ ရှုလာကြတယ်။ ပိုက်ဆက်တဲ့ကော်တို့ ဘီးဖာတဲ့ကော်တွေကို ရှုကြတာပေါ့။ ကြွပ်ကြွပ်အိပ်ထဲထည့်ပြီး ရှုရတယ်ပြောတယ်။ စျေးလည်းသက်သာတယ်လေ။ ပြောရရင် ဒီဘက်မှာ မူးယစ်ဆေးတိုင်းက လူတိုင်းနီးပါးနဲ့ အကုန်လက်လှမ်းမှီနေတယ်။ ဘာလို့ဆို လူတိုင်းနီးပါး ရောင်းဝယ်ဖောက်ကားနေကြလို့ပါပဲ။ စျေးတွေကလည်း ပေါချင်းလောချင်း ဖြစ်လာတယ်။ အရင်က WY တစ်ပြားကို ဘတ်၁ရာ ၂ရာလောက်အထိ စျေးပေါက်တာကနေ အခုဆို ဆယ်ဂဏန်းလောက်ပဲရှိတော့တယ်။ ဒီတော့ လူငယ်တွေ သာမန်လက်လုပ်လက်စား၊ ကျောင်းသားကအစ ဝယ်ဖို့လွယ်လာတယ်။ တချို့လက်လုပ်လက်စားတွေဆို တစ်နေ့ရတဲ့ငွေကို ဆေးဝယ်ဖို့သုံးလို့ မိသားစုနဲ့ ပြဿနာဖြစ်ကြတာတွေ ရှိလာတယ်။ " လို့ ကော့သောင်းဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

မြောက်ခင်ရန်း ပျူရွာကို အမည်မသိလူအချို့ စားနပ်ရိက္ခာများ ပို့ဆောင်ရောင်းချနေဟု ဆို

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း ပျူရွာကို အမည်မသိလူတချို့က စားနပ်ရိက္ခာတွေ ပို့ဆောင်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ဦးကျော်ဇော် အနားယူ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းတွင် စစ်ကြောင်းထိုးမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သားများအနက် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲသူများပါဝင်

"အရှင် ဖမ်းမိတဲ့ သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရဆို တပ်ထဲမှာ မူးယစ်ဆေးက လိုရင် လိုသလောက် ရတယ်တဲ့။ နယ်မြေရှင်းလင်းဝင်တော့ ရှေ့တန်းပွိုင့်ရဲ့ နေရာတိုင်းလိုလိုမှာ အပ်တွေတွေ့ရတယ်။ အလွန်အကျွံ သုံးကြတာပါ။ ရှေ့တန်းမှာတောင် ဒီလောက်တွေ့ရရင် နောက်တန်းမှာဆို ဒီထက်ပိုဆိုးနိုင်တယ်" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲလုပ်နေသည့် နေရာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်ကသီတင်းကျွတ် ဆီမီးထွန်းပွဲ ပြုလုပ်နေတဲ့နေရာကို အကြမ်းဖက်စစ်အုပ်စုက အောက်တိုဘာလ ၆ ရက် မနေ့ညပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။