နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ စစ်ကြောင်းတွေထိုးပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီး​နေတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ (၁၈)ရက်နေ့နဲ့ (၁၉) ရက်နေ့(၂) ရက်ဆက် အကြမ်းဖက်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ လည်း သိရပါတယ်။

ပထမဆုံးအနေနဲ့ ဇန်နဝါရီလ (၁၈)ရက်နေ့ မနက်ပိုင်းက တပ်ကုန်းမြို့နယ်၊ ရိုးကူးရွာအနီးမှာ အင်အား (၆၀)ပါ အကြမ်းဖက်စစ်ကြောင်းကို စတင်မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆို​ပါတယ်။

“စစ်ကြောင်းက အဓိကနှစ်ကြောင်းထိုးလာတာပါ။ ရိုးကူးရွာမှာ မိုင်းဆွဲတာက ဘူးလက်တံရွာကနေ ထွက်လာတဲ့စစ်ကြောင်းကိုပါ။ အဲ့ဒီစစ်ကြောင်းက ဘူးလက်တံမှာ ပြည်သူတွေကို ရိုက်နှက်ခဲ့တာတွေရှိတယ်။ နောက် သဲချောင်းရွာက အိမ်တွေမီးရှို့ခဲ့တဲ့ အင်အား၁၀၀ပါစစ်ကြောင်းကတော့ နှစ်ကြောင်း ခွဲထွက်လိုက် ပြန်ပေါင်းလိုက်နဲ့ တက်လာတာ။ ကန်နှစ်ဆင့်ရွာနားကျ ပြန်ပေါင်းသွားတယ်။ အဲ့အချိန် မိုင်းဆွဲလိုက်တာပါ” လို့ ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကြောင်းဟာ ဘူးလက်တံ ကျေးရွာက အရပ်သားတွေကို ရိုက်နှက် နှိပ်စက်ခဲ့ပြီး ထွက်လာတာဖြစ်ကာ မိုင်းကွင်းထဲအရောက် စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ လည်းဆိုပါတယ်။

ဒါ့အပြင် နောက်တစ်နေ့ ဇန်နဝါရီလ (၁၉)ရက်နေ့ မနက်ပိုင်းမှာလည်း တပ်ကုန်းမြို့နယ်၊ ကန်နှစ်ဆင့်ရွာ အနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့မှုထပ်ဖြစ်ခဲ့ သေးတယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ သဲချောင်းရွာက နေအိမ် (၁၁)လုံးကို မီးရှို့ဖျက်ဆီးလာခဲ့တာဖြစ်ပြီး အင်အား (၁၀၀) နီးပါး ရှိတယ်လို့ ဗိဿနိုးပြည်သူ့ ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ် တာဝန်ရှိသူက ပြောပါတယ်။

“စစ်တပ်ဘက်မှာ ပစရော ပျူတွေပါပါတယ်။ အထိခိုက်ကတော့ အတိကျတော့မသိရဘူး။ ပထမရက်က ကွင်းထဲမှာ ၁၅ ယောက်လောက် ရပ်နေတာ။ အကုန်လဲကျသွားတယ်။ နောက်ဒုတိယရက်တော့ ၂၀၊ ၃၀ လောက် ကွင်းထဲဝင်လာချိန် ဆွဲခဲ့တာပါ” လို့တာဝန်ရှိသူက ဆက် ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို မကွေးတိုင်းအရှေ့ခြမ်း၊ နတ်မောက်နဲ့မြို့သစ်နယ်တွေမှာ လှုပ်ရှားနေတဲ့ ကျားသစ်နက်တပ်ရင်း၊ ကြိုးကြာနီတပ်ရင်းနဲ့ ဝံပုလွေတပ်ရင်းတို့ ပေါင်းပြီး ဖွဲ့စည်းထားတဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ သန်းပင်လှရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ စစ်တပ်၏ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ချောက်မှာ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လက်နက်ကြီးငယ်တွေနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် ဒေသခံ အမျိုးသား (၂)ဦး မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား (၂) ယောက် မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်အဖြစ် ရဲအောင်သန်း အာဇာနည်နေ့ တက်ရောက်လာမှုကို ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က တရားဝင် ကန့်ကွက်

ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ပြုလုပ်ခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုဝင် ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူတော်စပ်သူ ရဲအောင်သန်းဆိုသူ တက်ရောက်ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က လူမှုကွန်ရက်ကတဆင့် မနေ့က တရားဝင် ကန့်ကွက်ထားပါတယ်။
Read More

ဒီပဲယင်းနယ်က စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး သေပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။