စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့  ကျောက်ရစ်ရွာအထိုင်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ T.G.R ,ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၁ ရက် ညပိုင်းက မြောင်မြို့နယ် ကျောက်ရစ်ရွာ အထိုင်စခန်းအတွင်း အကြမ်းဖက်စစ်သားတွေ စုဝေးနေတဲ့ နေရာကို  ၆၀ မမ လက်နက်ကြီး ၃၃ လုံး၊ M9 ‌ဗုံးပစ်လောင်ချာ ၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို T.G.R ,ပြည်သူ့ကာကွယ်ရေးတပ်၊ မြောင်မြို့နယ် မြို့မ တိုက်နယ် ပကဖ ကိုဝေလင်း၊ စစ်ကိုင်းခရိုင် ထုတ်လုပ်ရေးဌာန၊ မြောင်မြို့ နယ် ပကဖနဲ့ မြောင်ဖိုက်တာ ပြည်သူကာကွယ်ရေးတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – ဗိုလ်တိုက်ဂါး

0 Shares:
You May Also Like
Read More

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် ဓာတုဓာတ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင် 

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က တော်လှန်ရေးရဲဘော်တွေကို ဓာတုဓာတ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Karenni Democratic Front က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တော်လှန်ရေးမှာပါဝင်သူတိုင်းတော့ လက်နက်ကိုင်ပြီး PDF အနေနဲ့ တာဝန်မထမ်းဆောင်နိုင်ပါဘူး။ ဒါပေမယ့် • လူတိုင်း PRF ဖြစ်နိုင်ပါတယ်။

တော်လှန်ရေးမှာပါဝင်သူတိုင်းတော့ လက်နက်ကိုင်ပြီး PDF အနေနဲ့ တာဝန်မထမ်းဆောင်နိုင်ပါဘူး။ ဒါပေမယ့် • လူတိုင်း PRF ဖြစ်နိုင်ပါတယ်။
Read More

အင်အားပြင်း ငလျင်လှုပ်ခတ်မှုအတွင်း Sky Villa ကွန်ဒို အပေါ်ဆုံးထပ် ရောက်ရှိနေသူများ (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း မန္တလေးမြို့ Sky Villa ကွန်ဒိုအပေါ်ဆုံးထပ်မှာ လူတချို့ရှိနေခဲ့ပြီး သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

မိုးဗြဲမြို့သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ်(‌တောင်ပိုင်း)နဲ့ ကယား(ကရင်နီ) အစပ် မိုးဗြဲမြို့သို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်က သတင်းထုတ်ပြန်ထားပါ တယ်။
Read More

ဖားကန့်မှာ နွံကန်ပြိုကျမှုနဲ့ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် တစ်ရက်အတွင်း လူအများအပြားသေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ဇန်နဝါရီ ၁၃ ရက် တစ်ရက်တာအတွင်း နွံကန်ပြိုကျမှုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် လူအများအပြားသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

YOMA GBK PDF သင်တန်းဆင်းရဲဘော်တွေရဲ့ ပုံရိပ်များ (ရုပ်/သံ)

အခြေခံစစ်ပညာသင်တန်း တက်ရောက်ပြီးစီးခဲ့တဲ့ ရဲဘော်တွေရဲ့ သင်တန်းဆင်းပုံရိပ်တွေကို ပဲခူးတိုင်း  သာယာဝတီခရိုင် တပ်ရင်း (3801) တပ်ခွဲ - ၁ YOMA GBK က ထုတ်ပြန်လိုက်ပါတယ်။