မကွေးတိုင်း၊ မင်းဘူးနဲ့ အထက်မင်းလှ မြို့နယ်အတွင်းက ကျေးရွာတွေမှာ သွေးစွန်းငွေ ဖြတ်တောက်ရေး ပညာပေးလှုပ်ရှားမှုအဖြစ် အကြမ်းဖက်စစ်တပ်ထုတ်ကုန် ရောင်းချနေသူတွေကို တစ်လအတွင်း အပြီးသတ်ရောင်းချပြီး နောက်ထပ် မရောင်းချဖို့ အသိပေးခဲ့ တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကစလို့ ၂၁ ရက်နေ့အထိ မင်းဘူးနဲ့ အထက်မင်းလှမြို့နယ် ထဲက ကျေးရွာတွေကို သုံးရက်ဆက် ဝင်ရောက်စစ်ဆေးရင်း အခုလို အသိပေးလှုပ်ရှားခဲ့တာလို့ သိရပါတယ်။

စစ်အုပ်စုထုတ်ကုန်တွေထဲက အရက်၊ ဘီယာ၊ ဆေးလိပ်နဲ့ ဘိလပ်မြေ အချို့ရောင်းချနေတာ တွေကို အသိပေးခဲ့တာလို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ရှိသူက ပြောပါတယ်။

ဒီလှုပ်ရှားမှုကို မင်းဘူးမြို့နယ်အတွင်းက မကျီးသုံးပင်၊ ရေပေါ်ကြီး၊ ရေပေါ်လေး ၊ချောင်းဖြူ ၊ သီးကုန်း၊ ကျွန်းပြား၊ ဓာတ်ကုန်းနဲ့ ကန်သာယာ(ခရုကန်)ကျေးရွာအပါအဝင် အထက်မင်းလှမြို့နယ်က ကျောက်ပုံ၊ နွားလဲ၊ ၀က်‌မြေကန်၊ နဂါးအိုင်၊ အိုးဘိုကုန်း၊ ရေပေါ် ၊ စစ္စနို့၊ တောင်ဦး ၊ ပြည်စိုး နဲ့ ရွာသာလှ စတဲ့ကျေးရွာတွေမှာ ဝင်ရောက်လုပ်ဆောင်ခဲ့တာလို့ လည်းသိရပါတယ်။

ဒီနောက်မှာတော့ ရောင်းချနေသူတွေကို ပညာပေးကာ(၁) လ သတ်မှတ်ပေးရင်း အဲ့ဒီ(၁) လအတွင်းမှာပဲ လက်ကျန်ကုန်ပစ္စည်းတွေကို အပြီးသတ်ရောင်းချဖို့နဲ့ နောက်ထပ်ရောင်း၀ယ် ဖောက်ကားတာ၊ လက်၀ယ်ထားရှိ သုံးစွဲတာမျိုးတွေ ဆက်မလုပ်ကြဖို့ စနစ်တကျ ရှင်းပြဆွေးနွေးခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ရှိသူက ပြောပါတယ်။

“ပြည်သူတွေက တော်လှန်ရေးနဲ့ အစိမ်းသက်သက်ဖြစ်နေတော့ စည်းရုံးတဲ့သဘောနဲ့ လက်ကျန်တလ သတ်မှတ်ပေးခဲ့တယ်။ နစ်နာမှာလည်းစိုးပါတယ်” လို့ မောင်းကို ပြောပါတယ်။

ဗမာပြည်ကာကွယ်ရေးတပ် – USBA တပ်အနေနဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖြစ် စစ်အုပ်စုထုတ်ကုန် ရောင်းချနေမှုတွေကို ဟန့်တားရှင်းလင်းတာကို  မင်းတုန်းမြို့နယ်အတွင်းက ကျေးရွာ တော်တော်များများမှာလည်း အလားတူ လုပ်ဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ဆုံး သူတို့အသိပေး ပညာပေးလှုပ်ရှားခဲ့တဲ့ ကျေးရွာတွေဟာ ဒီနေ့အချိန်ထိ အကြမ်းဖက်စစ်‌တပ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းတွေနဲ့ ရာနူန်းပြည့် လည်ပတ်နေတာလို့ ဆိုပါတယ်။

သူတို့ဟာ တော်လှန်ရေးရဲဘော်​တွေကို အခုမှသာ မြင်တွေ့ဖူးကြတာဖြစ်ပြီး ၀မ်းပန်းတသာကြိုဆိုမှုတွေ ရှိသလို စိုးရိမ်ကြောက်လန့်မှုရှိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီအတွက် အရပ်သားတွေကို မိဘသဖွယ် တန်ဖိုးထားပြီး စနစ်တကျ မိတ်ဆက်တာ၊ သိရှိလိုတာတွေ ဖြေကြားပေးရင်း အားပေးစကားတွေ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီ မြို့နယ်တွေ ထဲကအကြမ်းဖက်စစ်တပ်ရဲ့ သတင်းပေး ဒလန်တွေကြောင့် အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ပျူရွာမှာ ရက်ပေါင်း ၂၀ လောက် ထမင်းအစား ပဲပြုတ်သာ စားခဲ့ရတဲ့ ပြည်သူ ၇ ယောက်ကို PDF တွေ ကယ်ထုတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူစောထီးရွာကနေ အငတ်ဘေးကြုံလို့ ထွက်ပြေးလာတဲ့ ပြည်သူ ၇ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တွေ ကယ်ထုတ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုတွင် စစ်ကြောင်းထိုး စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု မျက်မြင် ၇ ဦး သေပြီး စက်တပ်လေထီး ဗုံးကြဲကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က မျက်မြင် ၇ ယောက်သေဆုံးကာ စက်တပ်လေထီး ဗုံးကြဲရင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားလက်နက်ကိုင်တပ်‌ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုသင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ထီးထဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့လည်း ပါဝင်ခဲ့ဟု အသိပေး

ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီရဲ့ ထီးထဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အင်းစိန် ကြို့ကုန်းဘူတာနားက ခလရ-၁၆ စစ်တပ် ဂိတ်ကင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က ခလရ- ၁၆ စစ်တပ်ကင်းဂိတ်ကို အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God's Hand Forces ( GHF) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။