၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ လူပေါင်း ၂ ထောင်ကျော်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲ ကစစ်မှုထမ်းအတွက် လူ ၄၀၀ နီးပါးပါဝင်ခဲ့တယ်လို့ Rangoon Scout Network ရဲ့ထုတ်ပြန်ချက် အရသိရပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ရန်ကုန်တိုင်း မြို့နယ်တွေမှာ လူပေါင်း၂၀၃၅ ယောက်အထိဖမ်းဆီးခဲ့တာဖြစ်ပြီး အဲ့ဒီထဲက လူပေါင်း၂၉၄ ယောက်ကို အကျဉ်းထောင်နဲ့ စစ်မှုထမ်း သင်တန်းကျောင်းတွေဆီ ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။

“ဒီအချက် အလက်တွေက RSN ကိုပေးပို့လာတဲ့ သတင်းတွေ၊ ချိတ်ဆက်အဖွဲ့အစည်းတွေဆီက သိရတဲ့ သတင်းတွေနဲ့ မီဒီယာသတင်းတွေကို ကိုးကားပြုစုထားတာပါ။ မြေပြင်မှာ ဒီထက်ပိုဆိုးရွားနိုင်ပါတယ်” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖမ်းဆီးခံရပြီး စစ်အုပ်စုလက်ကနေ ပြန်လည်လွတ်မြောက်လာသူ၂၈၂ယောက်ရှိပြီး ကျန်ရှိတဲ့ ၁၄၅၉ ယောက်ကိုတော့ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးဘူးလို့ Rangoon Scout Network က ပြောပါတယ်။

စစ်ရေးလှုပ်ရှားမှု၊ ထောက်ပို့လုပ်မှု၊ သပိတ်လှုပ်ရှားမှုနဲ့ ဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူ ၁၄၇ယောက်ရှိခဲ့ပြီး  စစ်အုပ်စု ရွေးကောက်ပွဲကို ဝေဖန်မှုကြောင့်လည်း အနုပညာရှင်တွေအပါ လူပေါင်း ၃၃ ယောက်အထိ ဖမ်းဆီးခံခဲ့ရကြောတယ်လို့ သိရပါတယ်။

ဖမ်းဆီးတဲ့အခါ စစ်အုပ်စုအနေနဲ့   နေရပ်လိပ်စာအတိကျနဲ့ ရှာဖွေဖမ်းဆီးတာအပါအဝင် ရမ်းသမ်းဖမ်းဆီးတာ၊ ရှောင်တခင်ဖမ်းဆီးတာနဲ့ လိမ်လည် ဖမ်းဆီးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်မှုထမ်းအတွက်ဆိုကာ လူပေါင်း ၄၀၀ နီးပါးအထိ ဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲကမ လူပေါင်း ၁၇၇ ယောက်ကို စစ်မှုထမ်းကျောင်းတွေဆီ ပို့ဆောင်လိုက်သလို ပိုက်ဆံနဲ့ ပြန်လွှတ်ပေးလိုက်သူ ၂၉ ယောက်ရှိတယ်လို့ သိရပါတယ်။

ကျန် ၁၈၂ ယောက်ရဲ့ နောက်ဆက်တွဲကိုတော့ ဘာမှ မသိရသေးဘူးလို့ Rangoon Scout Network ကထုတ်ပြန်ထားပါတယ်။

စစ်သင်တန်းကျောင်းပို့​ဆောင်ခံရသူတွေထဲ ပြန်လည်လွတ်မြောက်လာသူ ၁၅ယောက် ရှိတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ပြီးခဲ့တဲ့ ဇန်နဝါရီလ ကစလို့  ဒီဇင်ဘာလထိ ၁၂ လအတွင်း စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၉ မှ ၂၀ ထိ ပြုလုပ်သွားခဲ့တယ်လို့ သိရပြီး သတင်းထုတ်ပြန်ချက်​တွေအရ သင်တန်း အပတ်စဥ်တိုင်းမှာ ပျှမ်းမျှ လူ ၆၀၀ နဲ့ ၄၀၀နီးပါး ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

MNDAA ၏ ၂၀၂၅ ခုနှစ် အပတ်စဉ် (၁) အခြေခံ (တတိယတပ်ခွဲ) ဆင်းပွဲအခမ်းအနား…

ကိုးကန့်တပ်မတော် (MNDAA) ရဲ့မဟာမိတ်တပ်တော် စစ်ဦးစီးဌာန၊ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ် အပတ်စဉ်(၁) အခြေခံစစ်သင်တန်း တတိယတပ်ခွဲ ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုကို EU ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ထပ်မံသက်တမ်းတိုး

အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်သူ ၁၀၆ ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ သက်တမ်းတိုးကြောင်း ဥရောပသမဂ္ဂ EU က ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံတွင် လူ ၃ ဦးမှာ ၁ ဦး အစာရေစာ ဝဝလင် မစားနိုင်တော့ … ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် လူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေတဲ့ နိုင်ငံဖြစ်လာ…

မြန်မာနိုင်ငံဟာ လူ ၃ ဦးမှာ ၁ ဦး အစာရေစာ ဝဝလင် မစားနိုင်တော့ဘူးလို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၆.၇ သန်းဟာ ဝမ်းရေး မဖူလုံမှုကို ရင်ဆိုင်နေရပြီဆိုတာကို ပြသနေပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပမာဏ ၁၃.၃ သန်းနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ တိုးမြင့်လာတာဖြစ်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ဆိုပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ က အသက် ၁၉ နှစ်အရွယ် ရဲဘော် ကျဆုံးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်ရှိ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၁) မှ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြစ်ခြေတွင် နေအိမ် ၂၀၀ ကျော် မီးရှို့ခဲ့သည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ၁၅ ဦး သေကာ အများအပြားထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်‌ခြေမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က စစ်သားနဲ့ ပျူ ၁၅ ယောက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဒေါင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။