ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်-အုန်းဖန်လမ်း၊ မဲကုတိုက်နယ်မှာ ထိုင်းရဲတပ်ကြပ် တစ်ဦးကို သေနတ်နဲ့ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားတဲ့ မြန်မာတစ်ဦးကိုရှာဖွေပေးဖို့ ကရင်အမျိုးသားအစည်းအရုံး ( KNU ) ဆီ ထိုင်းရဲတပ်ဖွဲ့က အကူညီတောင်းခဲ့တယ်လို့ KNU က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက် မနက် ၁၀ နာရီ မဲဆောက်မြို့နယ်၊ မဟာ၀မ်ကျေးရွာအုပ်စု မဲကိုကင်းကျေးရွာတွင် KNU/ KNLA တပ်ရင်း (၂၈) တပ်ရင်းမှူး ဒုတိယဗိုလ်မှုးကြီးဒါဘောက ပြစ်မှုကျူးလွန်သူ နဂါးကြီး (ခ) နိုင်လင်းအောင်ကို ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်း ပေးအပ်တယ်လို့ ပါဝင်ပါတယ်။

ဇန်နဝါရီလ ၂၁ ရက် ညပိုင်းမှာ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြဝတီမြို့နယ်၊ ဖလူးဒေသမှာ နဂါးကြီး (ခ) နိုင်လင်းအောင်ကို KNU/ KNLA တပ်ရင်း (၂၈) တပ်ရင်းမှူး ဒုတိယဗိုလ်မှုးကြီးဒါဘောက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည် ဆိုပါတယ်။

(ဓာတ်ပုံ KNU)

ဇန်နဝါရီလ ၂၀ ရက် ညနေ ၅ နာရခွဲဝန်းကျင် ထိုင်းနိုင်ငံ၊ မဲကုတိုက်နယ်အတွင်း ထိုင်းရဲတပ်ကြပ် သေနတ်နဲ့ပစ်ခံရမှုမှာ ပါဝင်သူနှစ်ဦးရှိကာ ဆိုင်ကယ်မောင်းနှင်သူ မင်းဇော်ထွေးက အဲဒီနေ့ကတည်းက ဖမ်းဆီးရခံရပြီး ကျန်ရှိနေတဲ့ တစ်ဦးကို KNU ကဖမ်းဆီးပို့ ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဝမ်းဗိုက်ထိမှန်ခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီးဟာ မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး လိုအပ်တဲ့သွေးအကူညီကို မြန်မာတွေက လှူဒါန်းပေးတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

အစားအသောက် မကောင်းလို့ဆိုပြီး စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီးတဦး မလေးရှားတွင် ဓားထိုးသတ်ခံရ၊ သံသယတရားခံအဖြစ် မြန်မာ ၃ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။
Read More

ထိုင်းနိုင်ငံအနေနဲ့ မြန်မာလူထုအပေါ် စာနာစိတ်ထား ကူညီပေးဖို့နဲ့ ယာယီနေထိုင်ခွင့်ပေးရေး NUCC တိုက်တွန်းတောင်းဆို

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် ထိုင်းနိုင်ငံအနေနဲ့ စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ဂျပန်နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အကြိုနှင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ (ဓာတ်ပုံသတင်း)

မတရားဖမ်းဆီး အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အကြိုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး၊ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကို ဂျပန်နိုင်ငံ၊ Shizuokaခရိုင်၊ Gotenba မြို့က ငြိမ်းချမ်းရေးစေတီမှာ ကျင်းပခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ် သဘောတူညီချက်ကို ကမ္ဘောဒီးယား ချိုးဖောက်ကြောင်း ထိုင်းစစ်တပ် ထုတ်ပြန်ကြေညာ

ထိုင်းစစ်ဦးစီးချုပ်ဌာနချုပ်မှ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဗာရီက ကမ္ဘောဒီးယားအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ယုံကြည်မှု ဖောက်ဖျက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေပြီး ထိုင်းအနေနဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာနေဆဲ ဖြစ်ပေမယ့် ကမ္ဘောဒီးယားစစ်တပ်က မရပ်တန့်ဘူးဆိုရင် ကာကွယ်တဲ့အနေနဲ့ ပြန်လည်လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း ပြောဆိုကြေညာခဲ့ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့တွင် ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့် မွေးနေ့အကြိုဆုတောင်းပွဲနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

တောင်ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့၊ ဂင်မဲတာမီနယ်ရှေ့မှာ လာမယ့် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့အတွက် မွေးနေ့အကြိုဆုတောင်းပွဲနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရှုတ်ချပွဲကို ပြုလုပ်ခဲ့တယ်လို့ ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။