မကွေးတိုင်း ၊ အောင်လံမြို့နယ်ရှိ မင်္ဂလာဆောင် တစ်ခုကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ထိခိုက်သေဆုံး သူတွေရှိခဲ့တယ်လို့ အောင်လံလူထုအဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက် ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ တပ်ကုန်း ကျေးရွာက မင်္ဂလာမဏ္ဍပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက ပေါင် ၁၀၀ ဗုံးသီး နဲ့ ၃ ကြိမ်ပစ်ခတ်သွားတယ်ဘို့ သိရပါတယ်။

အခုလို ပစ်ခတ်သွားတဲ့အတွက် ဒေသခံ ၃ ယောက် သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိမှန်ဒဏ်ရာ ရရှိခဲ့သလို နေအိမ် ၂ လုံး မီးလောင်ပြာကျ သွားတယ်လို့ သိရပါတယ်။

တပ်ကုန်းရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲသွားစဥ်
တပ်ကုန်းရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲသွားစဥ်

“ထိတွေ့မှု့ မရှိပါဘူး။ သက်သက် လာကြဲတာပါ။မင်္ဂလာ‌ဆောင် လည်း ကာကွယ်‌ရေးအဖွဲ့  ဆောင်တာမဟုတ်ပါဘူး။ အရပ်သားမင်္ဂလာဆောင်ပါ။ လေယဥ်က နေပြည်တော်ဘက်က တက်လာတဲ့ လေယာဥ်ပါ” လို့အောင်လံ လူထုအဖွဲ့က မောင်းကို ပြောပါတယ်။

အဲ့ဒီ တပ်ကုန်း ကျေးရွာဟာ အခုလိုလေကြောင်း ဗုံးကြဲခံရတာ ပထမအကြိမ်ဖြစ်ပြီး လက်ရှိမှာတော့ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း အောင်လံမြို့နယ် ဆက်ဆူဝကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက ၁၂၀ မမ လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၄ ယောက် ထိမှန်သေဆုံး ခဲ့ပါသေးတယ်။

တပ်ကုန်းရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲသွားစဥ်
0 Shares:
You May Also Like
Read More

ဒိုက်ဦးထောင်တွင် စစ်တပ်မှ အသွင်ပြောင်းလာသည့် ဒုထောင်မှူး ဦးဆောင်ကာ နိုင်ကျဥ်းများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားတဲ့ လုပ်ရပ်တွေကို ဆိုးရွားစွာ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

KNU မူတြော်ခရိုင် (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်မှာ ခရိုင်လူငယ်ခေါင်းဆောင်တွေ မဲပေးရွေးချယ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပန်ဝါမြို့ကို KIA က အပြီးသတ် ထိန်းချုပ်သိမ်းပိုက်လိုက်ပြီး တပ်ဖွဲ့ဝင်များမြို့တွင်းကို ဝင်ရောက်နေရာယူ

ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိန်းချုပ်သိမ်းပိုက်လိုက်ပြီး KIA နဲ့ တော်လှန်ရေးအင်အားစုတွေက မြို့အတွင်းကို ဝင်ရောက်နေရာယူနေပြီ ဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ပိုင်းလောက်မှာ ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနဲ့ နယ်ခြားစောင့်တပ်စခန်းများကို KIA တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Read More

Chinland Defense Force, Kalay-Kabaw-Gangaw (CDF – KKG) ရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

Chinland Defense Force, Kalay-Kabaw-Gangaw (CDF - KKG) အနေနဲ့ ခရစ်စမတ်ပွဲကို ဩစတြေးလျက အလှူရှင် ( ၂ ) ယောက် ပါဝင် လှူဒါန်း ပြုလုပ်ပေးခဲ့မှုနဲ့အတူ တပ်ဖွဲ့အတွင်း မနေ့က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ CDF-KKG က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မော်လမြိုင်ကျွန်းမြို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အာဂတိလိုက်စားလို့ဆိုပြီး နယ်ပြောင်းရွှေ့ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သီဟဇော်ကို အာဂတိလိုက်စားမှုနဲ့ ပုသိမ်တိုင်းရုံးမှာ ခေါ်စစ်ဆေးရာကနေ နိုဝင်ဘာ ၂ ရက်​မှာ မုံရွာမြို့ကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။