နယ်မြေအသီးသီးက တော်လှန်ရေးအင်အားစုတွေအကြား ပွတ်တိုက်မှု၊ ပဋိပက္ခတွေ ဟာ အဖွဲ့အစည်းအချင်းချင်းအကြား စိတ်ဝမ်းကွဲမှုကိုဖြစ်စေပြီး စစ်အုပ်စုအတွက် အခွင့်အရေးပေးရာ ရောက်တာကြောင့် အချင်းချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တိုက်တွန်းထုတ်ပြန်လာပါတယ်။

နွေဦးတော်လှန်ရေး (၅) နှစ်တာကာလအတွင်း တော်လှန်ရေး အင်အားစုတွေအကြား ညီညွတ်မှုတွေ ရှိလာသလို တစ်ဖက်မှာလည်း ပဋိပက္ခတွေ ပိုမိုပေါ်ပေါက်လာနေတာဟာ ပြည်သူ့အကျိုးစီးပွားကို မဖြစ်ထွန်းစေဘူးလို့ PLA က ဆိုပါတယ်။

ညီညွတ်ရေးကို တည်ဆောက်ရာမှာ အင်အားသုံးပြီး မိမိလက်အောက်ကို အတင်းအဓမ္မ သွတ်သွင်းခြင်းထက် ဆန္ဒအရ ပူးပေါင်းကြတာပဲ ဖြစ်သင့်တယ်လို့  PLA ကဆိုပါတယ်။

အခွန်ကိစ္စ၊ တော်လှန်ရေးရန်ပုံငွေ အလှူခံတဲ့ ကိစ္စတွေ အပါအဝင် အဖွဲ့တွေရဲ့ ရပ်တည်ရှင်သန်ရေးကို ပိတ်ပင်နေတာဟာ တော်လှန်ရေးအတွက် အကျိုးမရှိပဲ စစ်အာဏာရှင်ကိုသာ အကျိုးပြုနေတာဖြစ်ပြီး “တူတာတွဲလုပ် မတူတာခွဲလုပ်ခွင့်” ကို အသိမှတ်ပြုရမှာ ဖြစ်တယ်လို့ PLA က သဘောထား ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေသူတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ တော်လှန်ရေးမှာ တရားဝင်တယ်လို့ PLA အနေနဲ့ ခံယူထားပြီး တော်လှန်ရေးဟာလည်း စစ်အုပ်စုကို တော်လှန်နေသူတိုင်း ပိုင်ဆိုင်တဲ့ ကျယ်ပြန့်ကြီးမြတ်တဲ့ တော်လှန်ရေးဖြစ်တာကြောင့် စည်းလုံးညီညွတ်စွာ  ပုံသဏ္ဌာန်မျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေသူ မည်သူမဆို တရားဝင်တယ်လို့  PLA က ဆိုပါတယ်။

စည်းလုံးညီညွတ်စွာနဲ့ တိုက်ပွဲဝင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့ လည်း ထုတ်ပြန်ချက်မှာအလေးအနက် ဖော်ပြထားပါတယ်။

ပုံတောင်ပုံညာဒေသနဲ့ ထိစပ်နေတဲ့ ပုလဲမြို့နယ်အတွင်း NUG လက်အောက်ခံ PDF တပ်ရင်းတွေ၊ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA၊ PLA နဲ့ ABSDF စတဲ့ အဖွဲ့စုံ လှုပ်ရှားနေရာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာ အဖွဲ့တွေအကြား ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့တာ တွေရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ ပုလဲမြို့နယ် ရေကျောကျေးရွာအနီးက PLA ဂိတ်တစ်ခုကို NUG အဖွဲ့တွေက လာရောက်တားမြစ်ရာမှာ ပဋိပက္ခတွေ ဖြစ်ပွားကာ PLA တပ်ဖွဲ့ဝင် ခြောက်ဦး ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်ဒေသမှာ အပစ်ရပ်စဲပြီးနောက် စစ်တပ်ဟာ စစ်ကိုင်းနဲ့ မကွေး အပါအဝင် နိုင်ငံအလယ်ပိုင်း တော်လှန်ရေး အားကောင်းရာ ဒေသတွေကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေပါတယ်။

ဒီအချိန်မှာ တော်လှန်ရေးအဖွဲ့တွေကြား ဂိတ်စခန်းစီးနင်းမှုနဲ့ ပစ်ခတ်မှုတွေ ပေါ်ပေါက်လာတာဟာ စိုးရိမ်စရာ အခြေအနေလို့ သုံးသပ်တာတွေ ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မယ်စဲ့မြို့သိမ်းတိုက်ပွဲအတွင်း ခါးကို ကျည်ထိမှန်ကာ အောက်ပိုင်းသေသွားသည့် ၁၉ နှစ်အရွယ် ရဲဘော် ၂ နှစ်အကြာတွင် ကွယ်လွန်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်ပက်ထရစ်ဟာ တပ်ဖွဲ့က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မဏိပူရမြစ်ကူးတံတားကို CC တပ်ဖွဲ့ဝင်တွေ ပိတ်လိုက်တာကြောင့် ဒေသခံတွေ အခက်တွေ့နေ  

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မဏိပူရမြစ်ကူးတံတားဖြစ်တဲ့ ဖီလ်သွန့်တံတား (Philtun lei) ကို Chin National Army (CAN)  ဦးဆောင်တဲ့ Chinland Council  (CC) တပ်တွေက ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

မြောင်လမ်းခွဲတွင် ပိုက်ဆံကောက်ရန် ထွက်လာသည့် စစ်အုပ်စုကား မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြောင်လမ်းခွဲ အထိုင်စခန်းမှာ ပိုက်ဆံကောက်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။
Read More

လက်ပံတောင်းတောင်ဒေသ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရ

စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ချင်းတွင်းမြစ်အနောက်ဘက်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရကြောင်း သိရပါတယ်။
Read More

ABSDF ဒုဥက္ကဌ ဦးဆောင်သည့်အဖွဲ့မှ ​ပြည်သူလူထုကို လက်ရှိ နိုင်ငံရေးနှင့် စစ်ရေး အခြေအနေများ ပြောကြား၊ လူထုစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး‌ (ကျောင်းသားတပ်မတော်) - ABSDF ရဲ့ ဒုဥက္ကဌ ရဲဘော်လဆိုင်း ဦးဆောင်ပြီး ABSDF အမှတ်( ၂ ) စစ်ကြောင်း တာဝန်ရှိသူတွေက စိုးမိုးနယ်မြေရှိ ပြည်သူလူထုကို လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ ပြောကြားခြင်းနဲ့ လူထုစည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ABSDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။