ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှာ မိုင်းချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှုဖြစ်ပြီး  YOMA (GBK) PDF တပ်ဖွဲ့က တပ်စုမှူးရဲဘော် ကြယ်ကြီးနဲ့ ရဲဘော် ရှိုင်းလေးတို့ ကျဆုံးခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၁) တပ်ခွဲ(၁)က သတင်း ထုတ်ပြန်ထားပါတယ်။

ကြို့ပင်ကောက်မြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ မလာရောက်ခင် ရဲဘော်ကြယ်ကြီး၊  ရဲဘော်ရှိုင်းလေးတို့ အပါအဝင် YOMA (GBK) PDF တပ်ဖွဲ့ဝင် ၄ ယောက်ဟာ ပဒေသာမိုင်းတွေ သွားရောက်တပ်ဆင်တဲ့အချိန်  မိုင်းချို့ယွင်းချက်ဖြစ်ပေါ်ပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့ကာ YOMA (GBK) PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်စေခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း(၁) တပ်ခွဲ(၁) ရဲ့ တပ်ခွဲမှူး ကရင်လေးက ပြောပါတယ်။ 

” မိုင်းက ဘယ်လို Error တက်လဲဆိုတာတော့ အသေးစိတ် မသိရဘူး။ ဒါပေမယ့် သူတို့ထောင်တာက ပဒေသာမိုင်းဖြစ်တော့ ၄ ယောက်သွားတာ၊ အဲ့မှာမိုင်းပြန်ရှင်းရင်း ဖြစ်တယ်လို့ သိရတယ်။ ၂ ယောက်ကျတယ်။ ၂ ယောက်က ဒဏ်ရာရတယ်။ ” လို့  မောင်းကို ပြောပါတယ်။

ကျဆုံးခဲသူတွေဟာ တပ်ခွဲအတွက် အားအကိုး ရဆုံးသူတွေဖြစ်တာကြောင့် ဆုံးရှုံးမှုကြီးမားခဲ့တယ်လို့ လည်း ကရင်လေးက ပြောဆိုပါတယ်။ 

” တပ်စုမှူးကြယ်ကြီးက ကျွန်တော်တို့ ဆီဝင်လာတာ ၃ နှစ်ခွဲ၊ ၄နှစ်ထဲတောင် ရှိပါပြီ။  ရဲဘော် ရှိုင်းလေးက ၁ နှစ်ခွဲပါ။ တပ်ဖွဲ့အတွက် အားအကိုးရဆုံး ရဲဘော်တွေဖြစ်တဲ့အတွက် ကြီးမားတဲ့ဆုံးဆုံးရှုံးမှုလို့ ပြောချင်ပါတယ်” လို့ ကရင်လေးက ပြောပါတယ်။ 

Video – YOMA GBK PDF

0 Shares:
You May Also Like
Read More

ကရင်ပြည်နယ် ထော်မူပလယ်မဲစစ်စခန်းအား ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာ စစ်ဆင်ရေးနယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ ထောက်မူပလယ်မဲစစ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Rebel Bees-UAV Force က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပြည်နယ်ပုံရိပ် ကျဆင်းစေတဲ့ KTV ဖွင့်တာ၊ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာတွေ မလုပ်ကြဖို့ ရှေ့တန်းရောက် KNDF ရဲဘော်တွေ တောင်းဆို (ရုပ်/သံ)

ပြည်နယ်ပုံရိပ်ကို ကျဆင်းစေတဲ့ KTV ဖွင့်တာ၊  မူးယစ်ဆေးရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာ တွေ မပြုလုပ်ကြဖို့ ရှေ့တန်းရောက် KNDF B-06 ရဲဘော်တွေက အခုလိုပဲ တောင်းဆိုလိုက်ပါတယ်။
Read More

ရွှေဘိုမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး နှိုးဆော်စာများ ဒရုန်းနဲ့ ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်ကို အတုအ‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး နှိုးဆော်စာများ ဒရုန်းနဲ့ ကြဲချခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်၊ NUGမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရွှေဘိုမြို့ပေါ်ကို "အတုအယောင်ရွေးကောက်ပွဲ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြ"၊ "စစ်အာဏာရှင်ရဲ့ ထွက်ပေါက် မြှောက်မပေးနဲ့"၊ "မသမာတဲ့မဲရုံလမ်း ဖြတ်သန်းလို့တောင်မသွားနဲ့"၊ "သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့"၊ "ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး" စတဲ့ စာသားပါ စာရွက်တွေကို ဒရုန်းနဲ့ ကြဲချပြီး အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေး နှိုးဆော်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့နယ် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းတွေကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamite (Salingyi) ထံက သိရပါတယ်။
Read More

တောကျွဲအင်းမြို့က သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (ရုပ်/သံ)

ယနေ့ ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းမှာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်း ၁၄ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ကိုပါ တော်လှန်ရေးပူးပေါင်းတပ်တွေက  ယာယီစိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘို-မန္တလေးကားလမ်းမှာ ကင်းထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Fight For Freedom က သတင်းထုတ်ပြန်ထားပါတယ်။