ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက် မယ်စဲ့မြို့နယ် အကျဉ်းထောင်ကနေ  ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းအကျဉ်းသားတွေထဲက အယောက် ၃၀ ကျော်ကို ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အတွင်းမှာ ထပ်မံဖမ်းဆီးရမိထားတယ်လို့ ထိုင်းသတင်းဌာနတွေကနေ ဖော်ပြကြပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်၊ မနက် ၁ နာရီဝန်းကျင်မှာ မယ်စဲ့ အကျဉ်းထောင်ကနေ စစ်သုံ့ပန်းအကျဉ်းသား ၈၀ ကျော်ဟာ လက်နက်ငယ် ၉ လက်ကို ယူဆောင်ပြီး ထောင်ဖောက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီးနောက်  ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဗိုလ်မှူးအဆင့်ရှိသူ ပိုင်စိုးသူကို မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့နယ်ထဲမှာ ပထမဦးဆုံး ထိုင်းအာဏာပိုင်တွေကနေ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ 

Thai PBS အပါအဝင် ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဆီ  လက်နက်ချအဖမ်းခံတဲ့ အကျဉ်းသား ၃၁ ယောက် ရှိပြီဖြစ်ပြီး သူတို့ကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့ အညီ မြန်မာအစိုးရ (နစက) ဆီ ပြန်လည်လွှဲအပ်ပေးရမယ် လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

(ဓာတ်ပုံ ThaiPBS North)
(ဓာတ်ပုံ ThaiPBS North)

“ဗိုလ်ကြီး ပိုင်စိုးသူက ဦးဆုံး ပထမဆုံးပေါ့။  ပြီးတော့မှ ကျန်တဲ့သူတွေက ၁ယောက်စ၊ ၂ယောက်စကနေ ၉ ယောက် တသုတ်။ ၁၀ ယောက်တသုတ်ပြေးကြတာပါ။ အဲ့လိုနဲ့ အယောက် ၃၀ ရှိသွားတာ ဟုတ်ပါတယ်” လို့ IEC အတွင်းအရေးမှူး (၂) ကိုဗညားက မောင်းကို ပြောပါတယ်။   

ထောင်ဖောက်ထွက်ပြေးသူ စုစုပေါင်း ၈၀ ကျော်ထဲက အယောက် ၃၀ ကို ထိုင်းနိုင်ငံဘက်က ဖမ်းဆီးရမိထားပေမယ့် အယောက် ၅၀ ကျော််ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ လို့သိရပါတယ်။

IEC အ‌နေနဲ့ကတော့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့် ပြည်သူတွေ မစိုးရိမ် မထိန့်လန့်ကြဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်နီပြည်ရဲဌာနခွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကနေ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန် ပေးသွားမှာဖြစ်ပြီး လုံခြုံရေးဆိုင်ရာ အစီအမံတွေကိုလည်း စနစ်တကျ ချမှတ်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန် ကြေညာ ထားပါတယ်။ 

(ဓာတ်ပုံ ThaiPBS North)
0 Shares:
You May Also Like
Read More

မြန်မာ့အရေးအတွက် အကူအညီနှင့် ရန်ပုံငွေ ပိုမိုလိုအပ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး တောင်းဆို

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီဟာ ကမ္ဘာကြီးရဲ့ အမေ့လျော့ခံ မြန်မာ့အကျပ်အတည်းအတွက် အကူအညီနဲ့ ရန်ပုံငွေတွေ ပိုမိုထောက်ပံ့ပေးကြဖို့ စက်တင်ဘာလ ၁၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
Read More

ချင်းမိုင်မှာ ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူတွေကို ဆင်တွေနဲ့ စားနပ်ရိက္ခာ လိုက်လံထောက်ပံ့

ထိုင်းနိုင်ငံမြောက်ပိုင်းက စံချိန်တင်ရေကြီးနေတဲ့ ချင်းမိုင်ခရိုင်အတွင်း ပိတ်မိနေသူတွေဆီ ဆင်တွေနဲ့ စားနပ်ရိက္ခာတွေ လိုက်လံထောက်ပံ့ပေးနေတာတွေကို ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

အင်ဒိုနီးရှားလွှတ်တော်အမတ်တွေရဲ့ အခွင့်ထူးအပေါ် ဆန္ဒပြမှုအတွင်း လူ ၄ ဦးထက်မနည်းသေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ လွှတ်တော်အမတ်တွေအတွက် သတ်မှတ်ပေးထားတဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားလျက်ရှိတဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ရပါတယ်။ အင်ဒိုနီးရှား လွှတ်တော်အမတ်တွေဟာ တလကို ရူပီသန်း ၅၀ ( အမေရိကန်ဒေါ်လာ ၃,၀၀၀) တန်ဖိုးရှိ လစဉ်ထောက်ပံ့စရိတ်ရရှိကြောင်း သတင်းတွေကြောင့် ပြည်သူတွေ ဒေါသထွက်ပြီး ယခုသီတင်းပတ်အစကတည်းက ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာပါ။
Read More

စစ်ကောင်စီနှင့် ရိုဟင်ဂျာအရေးဆွေးနွေးတာ ရလဒ်မထွက်ဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ နှစ်နိုင်ငံကြား အပြန်အလှန်ဆွေးနွေးမှုဟာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က မေလ ၄ ရက်မှာ ပြောပါတယ်။
Read More

တော်လှန်ရေးထောက်ပံ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

စစ်ကောင်စီဟာ အင်ဒိုနီးရှားလူငယ်တစ်ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတာကြောင့် အင်ဒိုနီးရှားအမတ်တွေအကြား စိုးရိမ်မှုမြင့်တက်ကာ သံတမန်ရေးအရ ချက်ချင်းအရေးယူဖို့ တောင်းဆိုထားကြပါတယ်။
Read More

မြန်မာအပါအဝင် အရှေ့တောင်အာရှက လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး

လိမ်လည်ဂိုဏ်းတွေကို တိုက်ဖျက်ပြီး ဖြားယောင်းခံရသူတွေနဲ့ တရားမဝင်အလုပ်တွေမှာ ပိတ်မိနေသူတွေကို အိမ်ပြန်ခေါ်ဖို့အရေး ဟောင်ကောင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာ အခုတစ်ပတ်ထဲ ဆွေးနွေးခဲ့ကြတယ်လို့ Reuters က ဇန်နဝါရီလ ၁၅ ရက်မှာ သတင်းဖော်ပြထားပါတယ်။