ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ရာဘာခြစ်နေတဲ့ အရပ်သားအမျိုးသမီးတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ Phoenix – Special Warfare Force ကနေ သတင်း ထုတ်ပြန်ပါတယ်။

မနေ့က ဇန်နဝါရီလ ၂၀ ရက်နေ့၊ ည ၇နာရီဝန်းကျင်လောက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခတ်ချောင်းအုပ်စု၊ ဝါးဘိုးကုန်းကျေးရွာ၊ အေးချမ်းသာယာရပ်ကွက်မထဲ နေထိုင်တဲ့ မခင်ဝိုင်း (အသက် ၄၁ နှစ်) ဟာ ရာဘာခြစ်နေချိန် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ် လိုက်တာလို့  သိရပါတယ်။

“ပစ်ခတ်သံကြားတဲ့အချိန်မှာ ကျွန်တော်တို့ သွားကြည့်တော့ သေဆုံးနေတာကို တွေ့ရတာပါ။ ထိသွားတဲ့ Dead Body ကိုလည်း ရည်ရွယ်ချက်ရှိရှိ လာ‌ရောက်ပစ်ခတ်သွားတယ်။ ပထမအကြိမ် ပြည်သူတွေ သွားသယ်တဲ့ အချိန်မှာ သူတို့ဘက်ကလှမ်းပစ်လို့ ပြန်ဆုတ်လိုက်ရပြီး နောက်တစ်ကြိမ်မှ ပြန်သယ်လို့ ရခဲ့တာပါ” လို့ Phoenix – Special Warfare Force တာဝန်ရှိသူတဦးက မောင်းကို  ပြောပြပါတတယ်။

စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရသူကို တွေ့ရစဉ် (ဓာတ်ပုံ Phoenix – Special Warfare Force)
စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရသူကို တွေ့ရစဉ် (ဓာတ်ပုံ Phoenix – Special Warfare Force)

အဲ့ဒီ ပစ်ခတ်မှုကို ခလရ–၂၈၄ တပ်ရင်းက စစ်သားတွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး အပြစ်မဲ့ပြည်သူတစ်ဦးကို အခုလို အကြောင်းမဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တာဟာ စစ်အာဏာရှင်တပ်ရဲ့ ရက်စက်ယုတ်မာမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ပြသနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်ထားပါတယ်။

“သူတို့ (စစ်တပ်) မှာ ကျွန်တော်တို့ တက်လာမယ်ဆိုပြီး စိုးရိမ်စိတ်ရှိတယ်။ အဲ့တာကြောင့် လူတွေ့တဲ့အခါ ရည်ရွယ်ချက်ရှိရှိ ခြမ်းခြောက် ပစ်ခတ်သွားတယ်လို့တော့ မြင်ပါတယ်။  တိုက်ပွဲတွေလည်း လောလောဆယ်တော့ မရှိပါဘူး။ ရွေးကောက်ပွဲ effect ကြောင့် စစ်တပ်ဘက်က ပြင်ဆင်မှုတွေတော့ လုပ်နေပါတယ်‌” လို့ တာဝန်ရှိသူက အခြေအနေကို ရှင်းပြပါတယ်။

Phoenix – Special Warfare Force အနေနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အဆုံးထိ ဆက်လက်တော်လှန်သွားမှာ ဖြစ်ပြီး ပြည်သူတွေ အနေနဲ့လည်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေ

ရွေးကောက်ပွဲကျင်းပနိုင်ရေး အသည်းအသန် ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ နေပြည်တော်အပါအဝင် တိုင်းဒေသအသီးသီးမှာ သန်းခေါင်စာရင်းကောက်ခံနေတယ်လို့ သတင်းတွေ ထုတ်ပြန်ထားပေမယ့် အဲဒီစာရင်းထဲမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေတာကို သူတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ…
Read More

စစ်ကောင်စီလက်အောက်ခံ BGF တပ် အခြေခံစစ်ပညာသင်တန်း ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် မနေ့က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူအားလုံး ပါဝင်သည့် အစည်းအဝေး NLD  တက်ရောက်မည် မဟုတ်၊ အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဟု ဆို

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၄ ရက်ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က တက်ရောက်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
Read More

အောင်သပြေရဲဝန်းထဲကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က အောင်သပြေ ရဲဝန်းထဲကို ၄၀ မမ (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ထားဝယ်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ဘာနဲ့ပစ်ခတ်ရာ ၁ ယောက် သေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၄ ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။