မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း‌တွေ တိုးတက်လာဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားဖို့လိုကြောင်း မင်းအောင်လှိုင်က သူရဲ့အကြမ်းဖက်စစ်သားတွေကို  ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ခိုလမ်မြို့တပ်နယ်မှ စစ်တပ်သားအပါအဝင် မိသားစုတွေ့ဆုံပွဲမှာ သူက အဲဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။

အခုချိန်မှာ ပြည်တွင်းကုန်ထုတ်လုပ်မှုတွေ တိုးတက်အောင်ဆောင်ရွက်နိုင်လို့ ကုန်သွယ်မှုလိုငွေ လျော့နည်းလာတဲ့အတွက် စီးပွားရေးတိုးတက်မှု ပိုမိုရရှိဖို့အတွက်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်း‌တွေကို အားစိုက်ကြိုးပမ်းလုပ်ဆောင်ဖို့လိုတယ်လို့ မင်းအောင်လှိုင်က ဆိုလိုက်တာပါ။

“မိမိတို့နိုင်ငံ၌ ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး နိုင်ငံ့စီးပွားရေးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အတတ်ပညာရှင် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်သဖြင့် ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်သွားကြရမည်” လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထမ်မံပြောဆိုခဲ့ပါသေးတယ်။

(ဓာတ်ပုံ စစ်အုပ်စု မီဒီယာ)

စိုက်ပျိုးရေးကဏ္ဍမှာ  ပန်းတိုင်ရည်မှန်းချက် မပြည့်မီလို့  နှစ်စဉ်အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ဆုံးရှုံးရတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းထားတဲ့ ၅ နှစ်တာကာလအတွင်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ၊ သဘာဝဘေးဒဏ်ဖြစ်ပေါ်မှုတွေ၊ ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားခဲ့မှုတွေကြားမှ အခက်အခဲ၊ အကြပ်အတည်းများစွာကို ကျော်ဖြတ်ပြီး နိုင်ငံတော်ရဲ့ စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်ခဲ့ရတယ်လို့လည်း မင်းအောင်လှိုင်က ခပ်တည်တည်ဆက်ပြောခဲ့ပါတယ်။

ကုလသဂ္ဂအစီရင်ခံစာတွေမှာတော့ စစ်တပ်က အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း မြန်မာပြည်သူတွေဟာ ငွေကြေးဖောင်းပွမှုဒဏ်၊ ကုန်ဈေးနှုန်းငါးဆခန့် ကြီးမြင့်သွားခဲ့မှုဒဏ်၊ ကုန်စည်ပစ္စည်းရှားပါးမှုဒဏ်ကို ရင်ဆိုင်ခံစားနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ရေဖြူမြို့နယ် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၄ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ၊ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှာလည်း ၁၀ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် MMA ဖိုက်တာ ဖိုးသော် အကျဉ်းထောင်ထဲမှ အောင်လအန်ဆန်ထံ စာပို့

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး အကျဥ်းချထားတဲ့ MMA ဖိုက်တာ ဖိုးသော်က အကျဉ်းထောင်ထဲကနေ ပေးပို့လိုက်တဲ့စာကို One Championship ရဲ့ Hall of Fame ဖြစ်လာမယ့် MMA ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ Facebookစာမျက်နာမှာ အသိပေးဖော်ပြထားပါတယ်။