အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်မှစတင်ကာ အချို့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက စီးပွားရေးပိတ်ဆို့ထားမှုအပါအဝင် အရင်အစိုးရလက်ထက် ကုန်သွယ်မှုလိုငွေပြလို့  နိုင်ငံ့စီးပွါးရေးတိုးတက်အောင် အားသွန်ခွန်စိုက်ကြိုးစားခဲ့တာကြောင့် အခုအခါ ကုန်သွယ်မှုလိုငွေ အနှုတ်လက္ခဏာကနေ အပေါင်းလက္ခဏာ ဖြစ်လာပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မနေ့က ဇန်နဝါရီ ၁၉ ရက်နေ့ ရှမ်းပြည်နယ် ( အရှေ့ပိုင်း) ကျိုင်းတုံမြို့မှာ  မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခဲ့ချိန် သူက အခုလိုပြောကြား လိုက်တာဖြစ်ပါတယ်။

နိုင်ငံရဲ့အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အားပေးသလို ပိတ်ဆို့မှုကြားထဲကနေ ကုန်ထုတ်လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နိုင်လို့ ကုန်သွယ်မှုလိုငွေ အနုတ်လက္ခဏာပြနေရာကနေ အပေါင်းလက္ခဏာ ဖြစ်လာတယ်လို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင်အာဏာသိမ်းထားချိန်အတွင်း နိုင်ငံတော်က ပေးရန်ကျန်ရှိနေတဲ့ ပြည်ပချေးငွေကို ပြန်လည်ပေးရပြီး ကုန်ထုတ်လုပ်တာတွေမရှိရင် တိုင်းပြည်အနာဂတ် စိုးရိမ်ဖွယ်ဖြစ်တယ်လို့လည်း မင်းအောင်လှိုင်က ဆိုပြန်ပါတယ်။

တိုင်းပြည်ရဲ့  ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး ( GDP) က ဒေသတွင်း နိုင်ငံတွေထက်လျော့နည်းနေလို့ အမှန်တကယ်အလုပ်လုပ်ဖို့ လိုအပ်နေသလို စိုက်ပျိုးမွေးမြူရေးတိုးတက်ရင် GDP လည်းတိုးတက် လာမယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။

အလားတူ နိုင်ငံခြားသုံးငွေလျော့ချရေးအတွက် ပြည်တွင်းမှာ စားသောက်ကုန်၊ လူသုံးကုန်တွေ ပြည့်စုံစွာထုတ်လုပ်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်အတွင်း ကုန်သွယ်မှုပိုငွေဒေါ်လာ နှစ်ဘီလီယံတက်လာတယ်လို့ မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်တွေ့မှာတော့ အကြမ်းဖက်စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကုမ္ပဏီတွေနဲ့ စက်ရုံအလုပ်ရုံတွေ ထွက်ခွါသွားခဲ့သလို၊ နည်းပညာနဲ့ဝန်‌ဆောင်မှုကုမ္ပဏီအများအပြားလည်း ပိတ်သိမ်းသွားခဲ့လို့ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနဲ့အတူ အထွေထွေအကျပ်အတည်း တွေကြုံတွေ့နေရတာဖြစ်ပါတယ်။

ပြီးခဲ့ရက်ပိုင်းမှာလည်း စစ်ကော်မရှင်ရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလက ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံထဲကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှုဟာ ထက်ဝက်လောက် ကျဆင်းသွားတယ်လို့ ထုတ်ပြန်ထားခဲ့ပါသေးတယ်။

ဒါဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကာလတူနဲ့ နှိုင်းယှဉ်ရင်  အခုဘဏ္ဍာရေးနှစ်ထဲမှာ ရင်းနှီးမြှုပ်နှံလုပ်ငန်း ၁၃ ခုအထိ တိုးလာခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကတော့ အမေရိဒေါ်လာသန်း ၃၀၀ ကျော်ထိ ကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ ဆိုထားတာပါ။

ဒီလိုအခြေအနေမျိုးမှာ မင်းအောင်လှိုင်ကတော့ သူ့လက်ထက်မှာ စီးပွါးရေး အပေါင်းလက္ခဏာပြနေပြီလို့ ခပ်တည်တည်နဲ့ ဆက်လက်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမြို့နယ် အင်ပုထိုးကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ ပြည်သူများကို လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးစာစောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့  အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ပူးပေါင်းပြီး ဒေသတွင်းနေထိုင်သူ ပြည်သူတွေကို လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီဇင်ဘာလ နောက်ဆုံးထားပြီး ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီများနှင့် စစ်အုပ်စုလက်အောက်ရှိ Non – CDM ဝန်ထမ်းများ အပြီးပိုင်ထွက်ခွါခဲ့ကြရန် နှင့် မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ဆားလင်းကြီး ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီတွေအပါအဝင် စစ်ကော်မရှင်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေမှာရှိတဲ့ ပုဂ္ဂလိက Non - CDM ဝန်ထမ်းတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ပူးပေါင်းကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ် ပုဂ္ဂလိက Non - CDM ဝန်ထမ်းများစီမံခန့်ခွဲရေးကော်မတီထံက သိရပါတယ်။
Read More

ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ

တရုတ်စီမံကိန်းတွေ အများစုတည်ရှိရာ ကျောက်ဖြူက ဓည၀တီရေတပ်စခန်းကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရမည်ဟု NRFF ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံအဝန်း မြို့ပေါင်း ၉၀ ကျော်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ထား

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။