လူမှုကွန်ရက်စာမျက်တွေမှာ ဟာသဗီဒီယိုတွေနဲ့ လူသိများတဲ့ LGBT အွန်လိုင်းဆယ်လီတစ်ဦးဖြစ်သူ “ဧရာဝတီမ” (ခ) ကိုတင်ဇော်ထွေးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ လုယက်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သေဆုံးသူ ဧရာဝတီမဟာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ်ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်၊ ညဖက်မှာ နေအိမ်ကိုပြန်မရောက်ဘဲ ပျောက်ဆုံးနေခဲ့တာကြောင့် အသိမိတ်ဆွေတွေက လူမှုကွန်ရက်မှာ အကူအညီတောင်းခံ ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းမှာ မဲဆောက်မြို့၊ မယ်တောင်နယ်မြေ၊ ဖာထောင်းရပ်ကွက် တောင်ယာစိုက်ကွင်းတစ်ခုအတွင်းမှာ သူ့​ရဲ့ ရုပ်အလောင်းကို ဒဏ်ရာတွေနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့  သိရပါတယ်။

သေဆုံးသူရဲ့ ဖုန်းထဲက အပြန်အလှန် ပြောဆိုချက်တွေအရ ဧရာဝတီမကို ရင်းနှီးသူ မြန်မာအမျိုးသားတစ်ယောက်က လူသူကင်းဝေးရာ ခြံဝင်းတစ်ခုအတွင်း ချိန်းဆိုခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားသူ ဧရာဝတီ

သတ်ဖြတ်သူဟာ  ပစ္စည်းလုယူဖို့ ကြိုတင်အကြံအစည်နဲ့ အခုလို လုပ်ဆောင်ခဲ့တာဖြစ်နိုင်တယ်လို့ ယူဆရပြီး  iPhone 17 Pro Max (၂) လုံး၊ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်နဲ့ ဟန်းချိန်းတွေကို လုယူသွားခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီမရဲ့ ရုပ်အလောင်းမှာ အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာတွေအပြင် ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာများကိုပါ တွေ့ရှိရပြီး သေဆုံးရတဲ့ အကြောင်းအရင်းဟာ ခေါင်းကိုကြေမွနေအောင် ရိုက်နှက်ခံထားရတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေကလည်း ပြစ်မှုကျူးလွန်သူတွေကို အပူတပြင်းရှာဖွေနေပြီး ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ မြန်မာအမျိုသားတယောက် ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထန်တလန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်းက တပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့…
Read More

ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းတွင် ထင်ရှားသော မှတ်တိုင်တစ်ခု၊ မျိုးဆက်ပေါင်းများစွာ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေဟု NUG ပြော

ဒီနေ့မှာ ကျရောက်တဲ့ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သမိုင်းမှာ ထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး မျိုးဆက်ပေါင်းများစွာရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

လောင်းလုံးတွင် အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ အထိနာသည့် စစ်အုပ်စု လေကြောင်းတိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်‌ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

၇၈ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား SSPP ဌာနချုပ်မှာ ကျင်းပ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှာ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
Read More

ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) တည်ထောင်ခြင်း ၃၆ နှစ်ပြည့်ကို CRPH က သဝဏ်လွှာပေးပို့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်ခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPH  က သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သားဖြစ်လာသူ ၂ ဦး အလင်းဝင်ရောက်လာနိုင်ဖို့ Burma Revolution Rangers အဖွဲ့ သွားရောက်ခေါ်ဆောင်

အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၂ ယောက်ကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။