ကလေးငယ်တစ်ဦးကို ဇာတ်စင်ပေါ်ခေါ်ယူပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ကာ ဟာသ ပြတ်လုံးထုတ်ခဲ့တဲ့ အောင်ဇမ္ဗူဇာတ်အဖွဲ့ဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။

နှစ်ပါးသွား​​အက ဖျော်ဖြေနေချိန်အတွင်း ကလေးငယ်တယောက်ကို လိင်ပိုင်းဆိုင်ရာထိပါး ဟာသလုပ်ပြတ်လုံးထုတ်ခဲ့တဲ့ အောင်ဇမ္ဗူ ဇာတ်ရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေမြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဟာသလူရွှင်တော်၂ ယောက်က ပွဲကြည့်ပရိတ်သတ်ရဲ့ ကလေးငယ်ကို ပွေ့ချီခေါ်ယူပြီး ကလေးရဲ့ဘောင်းဘီကိုလှန်ကာ လိင်ပိုင်းဆိုင်ရာဖြစ်တည်မှုကို ဟာသထုတ်တင်ဆက်ခဲ့တာဖြစ်ပြီး အဲ့ဒီရုပ်သံဖိုင်ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ဝန်းကျင်မှာ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် အခုလို ပြစ်တင်ဝေဖန်မှုတွေ ရှိလာတာလို့ သိရတာပါ။

ဒါဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာဖြစ်ကြောင်းနဲ့ ဟာသလုပ်စရာမဟုတ်ဘူးလို့လည်း ထောက်ပြပြောဆိုနေကြပါတယ်။

ဒါ့အပြင် ဒီလုပ်ရပ်အပေါ်  မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဆီကိုလိပ်မှုပြီး ကန့်ကွက်တိုင်ကြားတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

အခုလို အမြင်မသင့်တော်တဲ့ ကလေးသူငယ်ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်စေတဲ့ကိစ္စနဲ့ဆက်စပ်ပြီး များစွာစိတ်မကောင်း ဖြစ်ရကြောင်းနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို)က ထုတ်ပြန်ထားပါတယ်။

ဝေဖန်ခံနေရသည့် ခွင်မြင်ကွင်းအား တွေ့ရစဥ်

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ရဲ့အသိပေးထုတ်ပြန်ချက်ထဲ ဇာတ်အဖွဲ့နာမည် မပါဝင်ပေမယ့်လည်း ရုပ်သံဖိုင်တွေအရ အောင်ဇမ္ဗူအမည်ရ ဇာတ်ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီး ၄နှစ်တာကာလအတွင်း တိုင်းပြည်အခြေအနေအရပ်ရပ်ဟာ အေးချမ်းတည်ငြိမ်နေကြောင်း ပြသဖို့ကြိုးပမ်းတဲ့အနေနဲ့ မြန်မာ့ဇာတ်သဘင်ပွဲ အပါအဝင် ပွဲလမ်းသဘင်တွေ ပြုလုပ်နိုင်ဖို့အားပေးခဲ့ရာမှ ဇတ်သဘင်အခမ်းအနားတွေ များပြားလာကြောင်း၊ ဒါဟာစစ်အုပ်စုက ထောက်ခံပေးမှုတွေ အများအပြားရှိကြောင်း နွေဦးတော်လှန်ရေးထဲ ဆင်နွဲဲနေတဲ့ အငြိမ့်၊ သဘင်ပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

ဒါ့အပြင် ဇာတ်မင်းသားတွေနဲ့ ကပြသူတွေဟာ တစ်ညကို ငွေသိန်းရာနဲ့ချီရရှိတဲ့အထိ ဆုချခံတာရမျိုးတွေရှိသလို ပရိတ်သတ်အကြိုက် ပွဲဆက်ကရတာတွေရှိလာတယ်လို့လည်း သိရပါတယ်။

တစ်ဖက်မှာလည်း စစ်အုပ်စုဟာ သူတို့ထိန်းချုပ်ထားရာ မြို့ရွာမှာ အခုလိုမျိုး ပွဲလမ်းသဘင်တွေနဲ့ အေးချမ်းနေသယောင် အခြေအနေမျိုးတွေကို ဖန်တီးနေချ်န်မှာပဲ သူတို့မစိုးမိုးနိုင်တဲ့နယ်မြေတွေက အရပ်သားပြည်သူတွေကိုတော့ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်နှင့် တိုက်နယ် (ပ.က.ဖ) ဦးဆောင်ပြီး လေကြောင်းဒဏ်သင့် ပြည်သူများကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဒေသတွေက ​ပြည်သူတွေကို ငွေကျပ် သိန်း (၂၃၀၀) ကျော် ထောက်ပံ့ကူညီ​ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်းနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော်က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဇွန်လ ၂၇ ရက် မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မတ္တရာအနောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ၊ အထိနာနေတဲ့ စစ်ကောင်စီတပ်က ဓာတု အဆိပ်ဗုံးတွေ ကြဲချခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အပြင် မူးဝေအော့အန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေရာ ဓာတုဗုံးတွေလည်း ပါဝင်ကြောင်းနဲ့ အရပ်သား၁ယောက် သေဆုံးပြီး ၂ယောက် ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နယ်မြေမငြိမ်သက်သေးတဲ့ လွိုင်ကော်မှာ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီ ဖိအားပေးနေ

နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့ လွိုင်ကော်မှာ စစ်ကောင်စီက တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ကနီတွင် ကင်းလှည့်လာသည့် စစ်အုပ်စုမြို့စောင့်တပ် စောင့်ကြိုတိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ သေနတ် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုမြို့စောင့်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၇ ယောက် သေဆုံးပြီး သေနတ်၂ လက် ရရှိခဲ့တယ်လို့ KLG PDF - ကျောက်လုံးကြီး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခမရ ၅၈၆ တပ်မှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၃ ဦးကို ရေးဘီလူး ထိန်းသိမ်းထား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခမရ ၅၈၆ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၃ ယောက်ကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။