ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းနဲ့ မြဝတီမြို့တောင်ဘက် ဖလူးဒေသမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေကိုပါ အသုံးပြုတိုက်ခိုက် နေတယ်လို့ မြေပြင် သတင်း အရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ် အခုလို စစ်ကြောင်းထိုးလာတာဟာ ကော့ကရိတ်မြို့မြောက်ပိုင်းက အောက်ဘိုတဲနဲ့ နောင်ကိုင်းလမ်းပိုင်း ကျေးရွာတွေ ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမယ့် နယ်မြေတွေထဲ
ပါဝင်နေတာကြောင့်လို့ သိရပါတယ်။

အလားတူ မြဝတီမြို့တောင်ဘက် ၁၀ မိုင်လောက် အကွာ ဖလူးဒေသမှာလည်း ဒီကနေ့ မနက်ပိုင်းပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ထိကို စက်သေနတ်သံတွေ၊ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့
မဲဆောက်မှာ နေထိုင်သူတွေက ဆိုပါတယ်။

“တိုက်ပွဲက တော်တော်ကို ပြင်းထန်နေပုံပါပဲ။ ဒီဘက် (မဲဆောက်) ထိပါ လက်နက်ကြီးသံတွေ အတိုင်းသားကြားနေရတယ်” လို့ မဲဆောက်မြို့ နေထိုင်သူတယောက်က မောင်းကို ပြောပါတယ်။

ကျားဖြူစစ်ကြောင်းအား တွေ့ရစဥ်


စစ်တပ်ရဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ တော်လှန်ရေး ရဲဘော် အယောက် ၅၀ သေဆုံးသွားပြီး အလောင်းတွေ

ပုံနေပြီလို့ သတင်းအမှားတွေ ဖြန့်နေတယ်လို့ သိရပါတယ်။

မြေပြင်စစ်ရေး သတင်းအရင်းမြစ် တစ်ယောက်က “သူတို့ပြောနေတယ်။ အယောက် ၅၀ ပုခက်စီးသွားတယ်တို့ ဘာတို့တွေက မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က သေဆုံးရှိတာ မှန်ပါတယ်။ ရှေ့တရက်က ၁ ယောက်၊ မနေ့က ၂ ယောက် ကျတယ်။ အယောက် ၅၀ ကျတာကတော့ မဟုတ်ပါဘူး” လို့ မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေကို အလွန်အကျွံ အသုံးပြုနေရတာ ဟာလည်း စစ်တပ်စစ်ကြောင်းဟာ ခြေလျင်စစ်ကြောင်း မထိုးနိုင်တော့တဲ့ အခြေအနေ ဖြစ်နေတာကြောင့်လို့ သူကဆိုပါတယ်။

“သူတို့က မြေပြင်စစ်ကြောင်းမတိုးနိုင်ဘူး။ ဒီမှာပဲ ရပ်နေတာကြာနေပြီ။ သူတို့စစ်ကြောင်း ထိုးနေတာက ၃-၄ လကျော်နေပြီ။ ဒီကနေ မတိုးနိုင်နေသေးဘူး။ အထိနာနေတော့ လေကြောင်းတွေကို ဆက်တိုက် အသုံးပြုနေတာ” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ လေးကေ့ကော်မြို့သစ်ကို စစ်တပ်က ပြန်လည် ထိန်းချုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဖလူးဒေသဘက်ကို ဆက်လက် ထိုးစစ်ဆင်နေတာဖြစ်သလို ရွေးကောက်ပွဲကြောင့်လည်း စစ်တပ်ကနေ စစ်ရေးအရှိန်မြင့် လုပ်ဆောင်နေတာလို့
သိရပါတယ်။

0 Shares:
You May Also Like
Read More

ဇီးတောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်ပြည်သူ ၁ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ဇီးတောရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ We Love Myaing အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ နမခမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။
Read More

မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပက်သက်ပြီး စစ်ကောင်စီက အရာရှိတွေအပါဝင် ၅ ယောက်ကို တာဝန်ပေါ့​လျော့မှုနဲ့ အရေးယူထား

မန္တလေးတိုင်းက မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက လေကြောင်းရန်ကာကွယ်ရေးအရာရှိ ၂ ယောက်နဲ့ အခြားအဆင့်ရှိသူ ၃ ယောက်တို့ကို တာဝန်ပေါ့လျော့မှုတွေနဲ့ အရေးယူစစ်ဆေးတာတွေ လုပ်ဆောင်နေ​တယ်လို့သတင်းရကြောင်း မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောပါတယ်။
Read More

ကမ္မဒေသရှိ ကျေးရွာများကို စစ်ကောင်စီ ၅ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ ဗုံးသီး ၁၀၀ နီးပါး အသုံးပြုခဲ့ပြီး နေအိမ်များပျက်စီးကာ စစ်ရှောင်များ ထိခိုက်သေဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မဒေသကျေးရွာတွေကိုလေကြောင်းကတဆင့် ၅ရက်ဆက် ဗုံးသီး ၁၀၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး စစ်ရှောင်အရပ်သား ၁ယောက် သေဆုံးခဲ့ရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း ငလျင်ကြောင့် ပျက်စီးသွားသည့် နေအိမ် (၄၅) လုံးအတွက် PDF နဲ့ ပကဖများ သွားရောက်လှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ပြည်သူ့နေအိမ် (၄၅) လုံးအတွက် အိမ်တစ်လုံးကို (၅၀၀၀၀) ကျပ်နှုန်းနဲ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ​ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးတွေမှု ရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။