ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ “အောင်မြေသစ်” ကိုယ်ပိုင် အထက်တန်းကျောင်းမှာ အဆောင်နေ ကျောင်းသူတစ်ယောက်  အဓမ္မပြုကျင့်ခံရပြီး အဓမ္မပြုကျင့်သူဟာ ကျောင်းအုပ်ဆရာကြီးရဲ့ သားဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက  သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်၊ နေ့လယ် ၁ နာရီလောက်မှာ Grade-12 ကျောင်းသူတစ်ယောက် နေမကောင်းတာကြောင့် အဆောင်ပြန်ပြီး အနားယူနေတဲ့အချိန်ကျောင်းအုပ်ကြီးရဲ့ သားဖြစ်သူ ဇာနည်သွေးက ကျောင်းသူကို ခြိမ်းခြောက်ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကျောင်းအုပ်ဖြစ်သူက နစ်နာသူကျောင်းသူကို ရုံးခန်းကိုခေါ်ယူကာ  နှုတ်ပိတ်ပေးဖို့ ညှိနှိုင်းခဲ့ပေမယ့် နစ်နာသူကျောင်းသူက မိဘတွေကို ဆက်သွယ်ခဲ့ပြီး ကျူးလွန်သူကို အမှုဖွင့် ခဲ့တာလို့ သိရပါတယ်။ 

အဓမ္မမှု ကျူးလွန်သူ ဇာနည်သွေးကိုတော့ ဇန်နဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းမှာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ တောင်ကြီးဟိုတယ်အနီးမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး သူ့ကို တောင်ကြီးမြို့မရဲစခန်းမှာ  ထိန်းသိမ်းထားကာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိန်းမှု) ဖြင့် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ခဲ့သူအား တွေ့ရစဥ်

 

လက်ရှိမှာတော့ နစ်နာသူ ကျောင်းသူမှာ မျက်နှာ ညိုမဲဒဏ်ရာတွေအပြင် ကိုယ်တွင်းအင်္ဂါ ထိခိုက်မှုတွေ ရှိခဲတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ ကနဦးသိရပါတယ်။ 

ယခုဖြစ်စဉ်ကြောင့် ကျောင်းသား မိဘတွေအကြား စိုးရိမ်မှု မြင့်တက်နေပြီး မြို့ပေါ်နေထိုင်တဲ့ မိဘအများစုကတော့ ကလေးတွေကို အဆောင်ကနေ အမြန်ဆုံး ပြန်လည်ခေါ်ယူနေကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ကျောင်းအဆောင်မှာ နယ်ဝေးကျောင်းသား အနည်းငယ်သာ ကျန်ရှိတော့ပေမယ့် ကျောင်းက ဆက်လက်ဖွင့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ CDF-Mindat တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူများ လှိုက်လှိုက်လှဲလှဲ ကြိုဆို (ဓတ်ပုံသတင်း)

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)/ CDF- Mindat တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ပေါင်း ၁၇ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်‌နေ့မှာ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ယောက်သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းထဲက စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရခိုင်စစ်ပွဲအတွင်းကနေ လက်နက်နဲ့အတူ ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ် ပြန်ဖမ်းမိ

ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲထဲကနေ သေနတ် ၂ လက်နဲ့အတူ ဧရာဝတီတိုင်းထဲ ထွက်ပြေးသွားတဲ့ စစ်သား ၃ ယောက်ထဲက ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးစိုးမိုးနယ်မြေထဲ လူသားဒိုင်းလုပ် ဝင်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး အသည်းအသန်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်လုပ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ အသည်းအသန် ဆုတ်ခွာထွက်ပြေးသွားရကြောင်း ကလေးခရိုင် ပကဖ ခရိုင်တာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်မှု ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ နှစ်အောက် လူငယ်တွေဖြစ်ပြီး အသက် ၂၀ အရွယ် မိန်းကလေး ၂ ယောက် ပါဝင်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ် ကားလုယူမှုမှာ ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ အောက်တွေ ဖြစ်ပြီး မိန်းကလေး ၂ ယောက်ပါဝင်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တပ်တည်‌ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။