မကွေးတိုင်း စလင်းမြို့နယ်အတွင်းရှိ ပန်းတိမ်ကုန်း၊ကညှပ်၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ဥယျာဥ်စု၊ ပန်းတောကျေးရွာနှင့် ကျောက်ခဲကုန်းကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ကာ လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ ညီနောင် – စလင်းက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၇ ရက်က ပန်းတိမ်ကုန်းကျေးရွာအတွင်း အကြမ်းဖက်စစ်တပ် အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၅ လုံးလောက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပန်းတိမ်ကုန်းကျေးရွာကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကညှပ်ကျေးရွာနဲ့ နောင်တော်လေးကျေးရွာဘက်ကို ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချကာ တိုက်ခိုက် ခဲ့တယ်လို့လည်း သိရပါတယ်။ 

တစ်ဆက်တည်းမှာပဲ ကျောက်ခဲကုန်းကျေးရွာဘုန်းကြီးကျောင်းကိုလည်း ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့ အတွက် စစ်ဘေးရှောင်ပြည်သူနဲ့ ရွာခံပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၁၈ ရက်ကလည်း စလင်းမြို့ ထွေအုပ်ရုံးက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ပန်း တိမ်ကုန်း‌ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရွာထဲက ပြည်သူ ၉ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ပန်းတိမ်ကုန်းကျေးရွာ ကိုလည်း ထပ်မံမီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

ပန်းတိမ်ကုန်း‌ကျေးရွာကနေ ကညှပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးကာ နောင်တော်လေးနဲ့ နောင်တော်ကြီး၊ ဥယျာဥ်စုကျေးရွာဘက်ကို စီးနင်းဝင်‌ရောက်ပြီး နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက စလင်းမြို့အနီးရှိ ဝမ်းပြည့်ကျေးရွာကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် ခဲ့တဲ့အတွက် ရွာခံမိသားစုဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ယောက် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။ 

စလင်းမြို့နယ်အတွင်း ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော်ရှိတယ်လို့ ပြည်သူ့ ညီနောင် – စလင်းက ထုတ်ပြန်ထားပါတယ်။

Video-ပြည်သူ့ ညီနောင် – စလင်း

0 Shares:
You May Also Like
Read More

မြဝတီ ချောင်းဆုံမြစ်တွင် လူငယ် ၄ ဦး ရေကစားရာမှ ပျောက်ဆုံးနေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ချောင်းဆုံမြစ်မှာ လူငယ် ၄ယောက် ရေကစားရာကနေ နှစ်မြုပ်ပျောက်ဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ယောက်သေ တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRAမှ သတင်းထုတ်ပြန်ထားပါ တယ်။
Read More

စစ်ကောင်စီတပ်သားတွေ စွန့်ခွါထွက်ပြေးသွားတဲ့ မယ်လယုတပ်စခန်းကနေ လက်နက်ခဲယမ်းနှင့် စက်ယန္တရားတွေ ဝင်ရောက်သိမ်းဆည်း (ရုပ်/သံ)

ကရင်နီပြည် ရှားတောမြို့နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မယ်လယု တပ်စခန်းကနေ တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းနဲ့ စက်ယန္တရားတွေကို ဝင်ရောက်သိမ်းဆည်းခဲ့ပါတယ်။
Read More

မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ဘုန်းကြီးကျောင်းနှင့် စေတီပျက်စီးပြီး ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မတ်လ ၄ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအမျိုးသမီး ရထားကြိတ်ခံရပြီး သေဆုံး (ရုပ်/သံ)

မေလ ၃၁ ရက် ယနေ့နံနက်ပိုင်းက မဟာချိုင်မြို့ နွယ်လုံမစ်စွယ် (၁) အနီး MHAC ရုံးဟောင်းရှေ့နားမှာ ညဆိုင်းအလုပ်ကနေ ပြန်လာတဲ့ မြန်မာအလုပ်သမား ၆ ယောက် တင်ဆောင်လာတဲ့ မော်တော်ယာဉ်ဟာ ရထားလမ်းကို ဖြတ်မောင်းချိန် ရထားနဲ့ အလွန်နီးကပ်လာတဲ့အတွက် ယာဉ်ပေါ်ကနေ ခုန်ဆင်းခဲ့ကြပေမယ့် မြန်မာအလုပ်သမားအမျိုးသမီး ၁ ဦးကတော့ ရထားကြိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

လေကြောင်းရန်ကြောင့် အလှူထမင်းစားဖို့ ကြောက်လန့်နေရတဲ့ အညာဒေသ (ရုပ်/သံ)

အညာဒေသတစ်နေရာရဲ့  အလှူပွဲတစ်ခုမှာ လေယာဉ်သံကြောင့် ထမင်းစားနေသူတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးနေကြတဲ့ ဗီဒီယိုတစ်ခု ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။