မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စိုက်ပျိုးမှုတွေမလုပ်ကြဖို့ တိုက်တွန်းထားတယ်လို့  လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ရဲ့ သတင်းနှင့် ပြန်ကြားရေးကော်မတီက မောင်းကို ပြောပါတယ်။

ငဖဲမြို့နယ်အတွင်းက ကျေးရွာချင်းဆက် လမ်းတွေက တဆင့် သယ်ယူပို့ဆောင်တာတွေ မလုပ်နိုင်အောင်လည်း ရှောင်တခင် စစ်ဆေးတာရော လုံခြုံရေးဂိတ်နဲ့ စစ်ဆေးတာတွေကိုရော လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စိုက်ပျိုးမှုတွေမလုပ်ကြဖို့ ဒေသခံကျေးရွာတွေကို နှိုးဆော်တာလည်း လုပ်သလို ကျေးရွာချင်းဆက်လမ်းတွေ ကတဆင့် သယ်ယူပို့ဆောင်မှုတွေ မလုပ်နိုင်အောင်လည်း ရှောင်တခင်စစ်ဆေးတာရော၊ လုံခြုံရေးဂိတ်နဲ့ စစ်ဆေးတာရော လုပ်နေပါတယ်” လို့ PRA-Magway သတင်းနှင့် ပြန်ကြားရေးကော်မတီကနေ သူတို့လုပ်ဆောင်မှုတွေကို ရှင်းပြခဲ့ပါတယ်။

ဘိန်းခင်းများအား ဖျက်ဆီးနေစဥ် (ဓာတ်ပုံ PRA-Magway)

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ PRA-Magway တပ်ဖွဲ့ဝင်တွေဟာ ငဖဲမြို့နယ် တောင်ဘက်ခြမ်းတစ်နေရာက ဘိန်းစိုက်ခင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး  စုစုပေါင်းဧက (၃၀) လောက်ကို ရှင်းလင်းဖျက်ဆီးခဲ့ တယ်လို့သိရပါတယ်။

“ဧက ၃၀ လုံးကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ဒေသခံကျေးရွာတွေကတော့ ဒီလိုရှင်းလင်းဖျက်ဆီးလိုက်တဲ့အပေါ် တစုံတရာ ပြောလာတာ မရှိသေးပါဘူး။ အဝေးရောက် ဒေသခံတွေကတော့ ဒီလုပ်ရပ်အပေါ် ကြိုဆိုကြောင်း ပြောကြားကြတာရှိပါတယ်။ ကျွန်တော်တို့ စစ်ကြောင်းလှုပ်ရှားရင်း ဒီဘိန်းစိုက်ခင်းကို တွေ့ခဲ့ရတာပါ။ ဒါကြောင့် ရှင်းလင်းရေးလုပ်ငန်းကို စတင်လိုက်ကြရတာဖြစ်ပါတယ်” လို့ PRA-Magway သတင်းနှင့် ပြန်ကြားရေးကော်မတီက မောင်းကို ပြောပါတယ်။

အဲ့ဒီ ဘိန်းခင်းတွေကို စိုက်ပျိုးတဲ့ ပိုင်ရှင်ကို PRA-Magway တပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ပိုင်ရှင်ဟာ ဘယ်သူဆိုတာ  တိတိကျကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

PRA-Magway ကတော့ လှုပ်ရှားနေတဲ့ နယ်မြေဒေသတွေအတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အထူးကြပ်မတ်နေပြီး မူးယစ်ဆေးဝါး စိုက်ပျိုးခြင်းအပြင် ရောင်းဝယ် ဖောက်ကားတာတွေနဲ့ လက်ဝယ် သိမ်းဆည်းထားတာတွေကိုလည်း စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဘိန်းခင်းများအား ဖျက်ဆီးနေစဥ် (ဓာတ်ပုံ PRA-Magway)
0 Shares:
You May Also Like
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲနှင့် အချိန်ကိုက် “ဝ”တပ်ရဲ့ လက်နက်ပိတ်ဆို့မှု 

စစ်ကော်မရှင်က တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အပူတပြင်းလုပ်ဆောင်နေတဲ့ အချိန်မှာ "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ကနေ လက်နက်ထောက်ပံ့မှုတွေ အားလုံးကို ရပ်ဆိုင်းမယ်ဆိုတဲ့ ကြေညာချက်က အချိန်ကိုက် ထွက်ပေါ်လာပါတယ်။ 
Read More

အမျိုးသမီးတွေကို စစ်မှုထမ်းဖို့စာရင်းကောက်နေတဲ့ စစ်ကောင်စီက အမျိုးသမီးတွေကို ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ဇော်မင်းထွန်းကငြင်းဆို

"ပြည်သူ့စစ်မှုထမ်းဥပဒေမှာရော နည်းဥပဒေမှာရော အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသား အသက်ဘယ်လောက် ဆိုတာပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကို မူတည်ပြီးတော့ အမျိုးသမီးတွေကို ခြိမ်းခြောက်နေမျိုးတွေရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်အနေနဲ့ အတိအလင်း ပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ အတွက် အကျုံးဝင်သော်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ရန် အစီအစဉ် မရှိသေး”
Read More

ကြို့ပင်ကောက်တွင် စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ ၁၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင် ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပခုက္ကူမှာ အုပ်ချုပ်ရေးမှူး ဖွင့်ထားသည့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ အုပ်ချုပ်ရေးမှူးရဲ့သား အပါအဝင် ပျူစောထီး ၃ ဦး ပွဲချင်းပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်ပျူစောထီးဂိတ်ကို ဝင်ရောက်တိုက်ခိုက််််််မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ အပါအဝင် ပျူစောထီး ၃ ယောက် နေရာတင် သေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လယ်ကွင်းထဲမှာ စစ်အုပ်စု စနိုက်ပါနဲ့ ပစ်ခံရပြီး ၂ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊  ငါန်းဇွန်မြို့နယ်မှာ ငါန်းမြာကြီးရဲစခန်းထဲက ထွက်လာတဲ့ စစ်အုပ်စုတွေ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံးသွားကြောင်း မြင်းခြံခရိုင်၊ တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲ့တာဝန်ခံ ကိုသက်ကြီးက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းငလျင်ကြီးအပြီး လက်ရှိအချိန်ထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၅၅၂ ကြိမ်ပြုလုပ်ခဲ့၊ လူပေါင်း ၄၇၁ ဦး သေဆုံးပြီး ၉၃၁ ဦး ဒဏ်ရာရရှိခဲ့

မြန်မာနိုင်ငံမှာ လူပေါင်း ထောင်နဲ့ချီ သေဆုံးပြီး သန်းနဲ့ချီ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်အပြီး အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၅၂ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။