မန္တလေးတိုင်း ကျောက်ပန်းတောင်း-ချောက် လမ်းပိုင်းမှာ အကြမ်း စစ်တပ်ယာဉ် ကြားဖြတ်တိုက် ခိုက်ခဲ့ပြီး စစ်ဗိုလ် ၁ ယောက် အပါအဝင် ၁၀ ယောက် လောက် သေဆုံးခဲ့တယ်လို့ မကွေးခရိုင်အမှတ်-၃ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက ကျောက်ပန်းတောင်း-ချောက် အမှတ် ၂ ပြည်ထောင်စု လမ်းပိုင်းတစ်နေရာမှာ အင်အား ၂၀ လောက် လိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲ ၁၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဗိုလ် ၁ ယောက် အပါအဝင် ၁၀ ယောက်လောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိသွားကာ စစ်ယာဉ်လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မကွေးခရိုင်အမှတ် ၃ တပ်ရင်း (CRA)၊ မကွေးခရိုင်အမှတ် ၁ တပ်ရင်း၊ SR-7 မကွေးတိုင်း အထူးလှုပ်ရှားတပ်ရင်းတွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Video-မကွေးခရိုင်အမှတ်-၃ တပ်ရင်း