မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု တိုက်နယ်အတွင်း စစ်ရှောင်စခန်း နေရာတွေကို စစ်အုပ်စုက ဒီနေ့ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသားတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရထားတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။

ဒီနေ့ ညနေ ၄ နာရီ ၈ မိနစ်အချိန်က စလို့ မကွေးလေဆိပ်တက် ဂျက်ဖိုက်​တာ တစီးဟာ ကျောက်ထုတိုက်နယ်အတွင်းက စစ်ရှောင်စခန်း နေရာ၂ ခုကို ၃ ကြိမ်ဆက်တိုက် ဗုံးသီး ၃ လုံးနဲ့ ကြဲချတိုက်ခိုက် သွားခဲ့တာလို့သိရပါတယ်။

ယောအလင်းတန်း အဖွဲ့ဝင် ကိုရောင်နီကတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာ(၂)ရွာဟာ စစ်ဘေးရှောင်​တွေ နေထိုင်နေ​တာဖြစ်ပြီး တိုက်ပွဲ ပစ်မှတ် အခြေအနေ တစုံတရာရှိမနေဘူးလို့ ပြောပါတယ်။

လေကြောင်း တိုက်ခိုက်ခံရသည့် နေရာများအား တွေ့ရစဥ် (ဓာတ်ပုံ HKL Mindat)

“ဗုံးက ၂၅၀ တွေ ဖြစ်မယ်ထင်တယ်။ သုံး ကြိမ်ကို ၃ လုံးချသွားတာပါ။  အခုလက်ရှိကတော့ ဒီလောက်ပဲသိရသေးတယ်။  နေအိမ်အထိအခိုက် ကတော့သေချာ မသိရသေးဘူး။  ထိတာက သက်ကြီးပိုင်း ကျားတွေချည်းပဲ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီ က မောင်းကိုပြောပါတယ်။

ဗုံးသီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်သက်ကြီးပိုင်း အမျိုးသား ၄ ယောက်ထိခိုက်ခဲ့ပြီး တယောက်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် မကြာခင်မှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

“လေကြောင်းကသတိထားသင့်တယ်။ ဘာလို့ဆို ကျောက်ထု အမြှောက်တပ်(၃၆၈)ကနေ ဒီနေ့တရက်လုံး တ်ိုက်နယ်ထဲကို UAVဒရုန်းတွေနဲ့ ကင်းထောက်ပျတာတွေရှိတယ် ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီ က မောင်းကို ပြောခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လက်ရှိရက်ပိုင်းအတွင်း ဂန့်ဂေါခရိုင်အတွင်းက မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာမျိုး လုပ်ဆောင်ထားတာ မရှိသေးပဲ အခုမှ ပြန်လည်လုပ်ဆောင်လာတာလို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ထုတပ်အတွင်းကနေ ဂန့်​ဂေါခရိုင်အတွင်းက်ု စစ်ကြောင်းထိုးတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

လေကြောင်း တိုက်ခိုက်ခံရသည့် နေရာများအား တွေ့ရစဥ် (ဓာတ်ပုံ HKL Mindat)
လေကြောင်း တိုက်ခိုက်ခံရသည့် နေရာများအား တွေ့ရစဥ် (ဓာတ်ပုံ HKL Mindat)
0 Shares:
You May Also Like
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တစ်လအတွင်း ရန်ကုန်တွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ ၁၀၀ ကျော်ရှိ

အကြမ်းဖက်စစ်တပ်က ရန်ကုန်တိုင်းမှာ တစ်လအတွင်း နည်းမျိုးစုံနဲ့ အဓမ္မ ဖမ်းဆီးခဲ့သူ လူ ၁၀၀ ကျော်ရှိတယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံရသူတွေအနက် ၁၁၄ ယောက်ရဲ့ ဖြစ်စဉ်ကို Rangoon Scout Network က သိရှိခဲ့ရပြီး အဲဒီလူတွေထဲက အယောက် ၂၀ ကို စစ်မှုထမ်းသင်တန်းကျောင်းနဲ့ အကျဉ်းထောင်တွေဆီ စစ်တပ်က ပို့ဆောင်ခဲ့တယ်လို့ Rangoon Scout Network က ဆိုပါတယ်။
Read More

ရိက္ခာလာပို့တဲ့စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်ပါတယ်။
Read More

နတ်မောက်နယ် မြင်းတဲကြီးရွာထဲက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးရွာထဲကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက်၊ မနက် ၇ နာရီလောက်မှာ မြင်းတဲကြီးရွာကနေ အင်အား ၉၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၁ နာရီခွဲခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
Read More

မြိုင် နဲ့ မြင်းခြံမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်များအတွင်း အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

ဗျူဟာ ၃၃ နည်းဗျူဟာမှူးနှင့် ရဲဘော်များ ထိန်းသိမ်းခံထားရမှု ညှိနှိုင်းနေဆဲဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာန၊ အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် PDF အယောက် ၅၀နီးပါးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ(၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းခဲ့တဲ့ အခြေအနေကို ၂ဖက်ကြား ညှိနှိုင်းမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။