မြန်မာစစ်တပ်က ဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲတွေကို အာဆီယံအနေနဲ့ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ခဲ့တာ မရှိတဲ့အတွက် ရွေးကောက်ပွဲ ရလာဒ်တွေကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထပ်မံပြောဆိုလိုက်ပါတယ်။

မလေးရှားလွှတ်တော်မှာ လွှတ်တော်အမတ် တစ်ယောက်ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ နိုင်ငံခြားရေးဝန်ကြီးက အခုလိုထည့်သွင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

“အာဆီယံအနေနဲ့ စောင့်ကြည့်ရေးအဖွဲ့ မပို့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ အဲဒီအတွက်ကြောင့် ဒီရွေးကောက်ပွဲတွေကိုလည်း အာဆီယံအနေနဲ့ အသိအမှတ်မပြုပါဘူး” လို့ ဝန်ကြီး မိုဟာမက် ဟာဆန်က ပြောဆိုခဲ့ပါတယ်။

အာဆီယံအဖွဲ့အစည်း အလိုက် စောင့်ကြည့်ရေးအဖွဲ့ မစေလွှတ်ခဲ့ပေမယ့် ထိုင်းနိုင်ငံအပါအဝင် အချို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကတော့ သီးခြားစောင့်ကြည့် လေ့လာသူတွေ စေလွတ်ခဲ့တယ်လို့လည်း သိရပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်



၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက စတင်ပြီး အဆင့်လိုက်ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေဖို့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေက ဆိုထားပြီး ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုဘူးလို့ ပြောဆိုထားကြပါတယ်။

လာမယ့် ဇန်နဝါရီလ လကုန်ပိုင်းမှာတော့ မြန်မာ့ ရွေးကောက်ပွဲ ရလဒ်တွေအပေါ် ဘယ်လို တုံ့ပြန်မယ်ဆိုတာ ဆွေးနွေးဖို့ ဖိလစ်ပိုင်နိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဖို့ ရှိတယ်လို့ လည်းသိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ထုတ်ပယ်ခံရပြီး သူမ၏  အစိုးရအဖွဲ့ပါ ဖျက်သိမ်းခံရ

ဟွန်ဆင်နဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် တရားရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာကို အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ အမိန့်ချလိုက်ပါတယ်။ 
Read More

ထိုင်းနိုင်ငံ၊ အူဒုံထနီမှာ မြန်မာအမျိုးသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိ…

ထိုင်းနိုင်ငံ၊ အူဒုံထနီမှာ မတ်လ ၁၂ ရက်က တွေ့ရှိခဲ့တဲ့ မြန်မာအမျိုးသား ၁ ယောက်ရဲ့အလောင်းဟာ သေဆုံးနေတာ ငါးရက်ရှိပြီလို့ ဆေးစစ်ချက်ထွက်လာပြီး လက်ရှိမှာ သေဆုံးသူနဲ့ အတူနေထိုင်တဲ့ သံသယရှိသူနှစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းသတင်း Thaiger မှာ ဖော်ပြပါတယ်။
Read More

လေကြောင်းပြပွဲအတွင်း လေ့ကျင့်နေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျ (ရုပ်/သံ)

ပိုလန်နိုင်ငံအလယ်ပိုင်းမှာ ပြုလုပ်မယ့် လေကြောင်းပြပွဲတစ်ခုမှာ အစမ်းလေ့ကျင့်ပျံသန်းနေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။ 31st Tactical လေတပ်စခန်းမှာ ပြုလုပ်တဲ့ ဩဂုတ် ၂၈ ရက်နေ့က လေကြောင်းပြပွဲအတွင်း ပိုလန်စစ်တပ်က ဝယ်ယူထား တဲ့ အမေရိကန်နိုင်ငံလုပ် F-16 တိုက်လေယာဉ်ကို လေ့ကျင့်ပျံသန်းရင်း လေယာဉ်ပြေးလမ်းပေါ် ထိုးကျကာ မီးလောင်ပေါက်ကွဲခဲ့ပါတယ်။
Read More

ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က ငလျင်ဘေးသင့် ပြည်သူများနေထိုင်ဖို့ ယာယီတဲ ၉၀ ကျော် တည်ဆောက်ပေး

ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးရောက်ရှိနေတဲ့ ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ပြည်သူတွေနေထိုင်နိုင်ဖို့ ယာယီတဲ ၉၁ လုံး တည်ဆောက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာစစ်အုပ်စုမှ ၎င်းတို့၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် အမေရိကန်လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်း

တရားမဝင်အာဏာသိမ်းထားတဲ့ မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်မှု ရရှိရေး ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ငှားရမ်းခဲ့တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ်ထားသည့် စစ်ကောင်စီ နိုင်ငံတဝန်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဟု ကုလ ထုတ်ပြန်

အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။