စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ပေါက်တာရွာ စစ်တပ်ဂိတ်နဲ့ စစ်ကူစစ်ကြောင်းကို ‌တော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သားအများ အပြားသေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၇) တပ်ရင်း တပ်ခွဲ (၄) က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၆ ရက် မနက်အစောပိုင်းက စစ်ကိုင်းမြို့နယ် ပေါက်တောရွာ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်ငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၀ ယောက် မျက်မြင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ လောက် ရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေစဉ်အတွင်း စစ်ကိုင်းဘက်ကနေ အိမ်စီးကား ၄ စီး၊ 4 Wheel ကား ၂ စီး၊  Faw ကား တစီး တပ်ကူလာတဲ့အတွက် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အကြမ်းဖက်စစ်တပ်က အင်အားများလွန်တဲ့အတွက် တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆုတ်ခွာခဲ့ ရပြီး PDF ရဲဘော် တယောက် ကျဆုံးခဲ့ပြီး တယောက် ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ဒဏ်ရာရရှိတဲ့ စစ်သားတွေကို တင်ဆောင်ကာ ဆေးကုသဖို့ ပို့ဆောင်စဉ် (Lefan ) ကားဟာ ကြက်ထောင့် တောင်ရွာက လမ်းကြိတ်စက်ကို ဝင်တိုက်မိပြီး စစ်သားတွေ ထပ်မံသေဆုံး ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို အမှတ် (၂) စစ်ဌာန ကွပ်ကဲရေး ရွှေဘိုခရိုင် အမှတ် (၁၇) တပ်ရင်း တပ်ခွဲ (၄) – acid (စစ်ကြောင်း)နဲ့ ပြည်သူ့စစ်သည်တော် အထူးပြောက်ကြား တပ်ဖွဲ့၊ မင်းကွန်းတိုက်နယ် ပ.လ.ဖ၊  GUN STAR ပြောက်ကြား တပ်ဖွဲ့၊ နယ်မြေခံ ပ.က.ဖ တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – Acid

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားပြီး စခန်းအချို့ လက်လွှတ်ခဲ့ရ (ရုပ်/သံ)

နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နယ်မြေများကို အင်အား ၆၀၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ် မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့စခန်းအချို့ လက်လွှတ်ခဲ့ရတယ်လို့ ၉၀၂ တပ်ရင်း ၊ တပ်ခွဲ - ၃ ၊ တောင်တွင်းကြီးတပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရှင်းထုတ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ရှင်းထုတ်ခဲ့တယ်လို့ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း ရိက္ခာသယ်နေတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ၅ ယောက်သေ၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာလှေဆိပ်သို့ ရိက္ခာသယ်လာတဲ့ ခမရ ၅၉၈ တပ်က အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ တောင်ညိုစစ်‌ကြောင်းထံက သိရပါတယ်။
Read More

တောင်သာတွင် သူကြီးအိမ်ရှေ့ တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တမိုက်သားကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက် စစ်ကော်မရှင်ဂိတ်မှာ စစ်ကြောင်းထိုးဖို့ ရောက်ရှိနေတဲ့ စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွယ်လွန်ခဲ့ရသူရဲ့ မိသားစုဝင် ပြောပြတဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်း (ရုပ်/သံ)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က လားရှိုးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ယောက်ဖြစ်သူ ကိုရဲဝင်းနိုင် (ခ) အကြီးကောင် (၄၀)နှစ် ဆုံးပါးသွားခဲ့ပါတယ်။ သူ့မိသားစုရဲ့ ကြေကွဲဝမ်းနည်းဖွယ်မှတ်တမ်းကို MNDAA က ဖော်ပြလာပါတယ်။