အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ  ဇန်နဝါရီ ၁၈ ရက် မနေ့က ဝစီပိတ်ဆရာတော်ဆီ သွားရောက်ခဲ့ပြီး လောကသရဖူ စေတီတော်ဘုရား တည်ဆောက်ရေးလုပ်ငန်းတွေ ကြည့်ခဲ့တယ်လို့ စစ်လော်ဘီသတင်းတွေအရ သိရပါတယ်။

ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ပဓာနနာယကဖြစ်တဲ့ ဝစီပိတ်ဆရာတော်ဟာ အကြမ်းဖက်စစ်ခေါင်းဆောင် မိသားစုအတွက် ယတြာအစီအမံတွေကို အဓိက ပြုလုပ်ပေးနေသူဖြစ်တယ်လို့ လူအများ သိကြတာပါ။

၀စီပိတ် ဆရာတော်ဆီ သွားရောက်ခဲ့တာဟာ ဒီရက်ပိုင်း မင်းအောင်လှိုင် စိတ်ပူပန်နေတဲ့ ရခိုင်ယတြာခေါင်းလောင်းကိစ္စကို တုန့်ပြန်ယတြာပြုလုပ်ဖို့ အတွက်နဲ့ အတုအယောင် ရွေးကောက်ပွဲအလွန် စစ်တပ်ထိန်းချုပ်တဲ့ အများအမြင်အရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ တွေအတွက် ယတြာကိစ္စတွေ ပါဝင်နိုင်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

(ဓာတ်ပုံ စစ်အုပ်စုမီဒီယာ)
(ဓာတ်ပုံ စစ်အုပ်စုမီဒီယာ)

ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်း စစ်ခေါင်းဆောင်ကိုယ်တိုင် ဌာပနာသွင်းထားတဲ့ လောကသရဖူစေတီတော် တည်ဆောက်ရေး အခြေအနေတွေကိုလည်း ကြည့်ခဲ့ပြီး လားဟူတိုင်းရင်းသား ရိုးရာစုပေါင်းနှစ်သစ်ကူး ပွဲတော်ကိုလည်း သွားရောက်ခဲ့တယ်လို့ စစ်ကော်မရှင် သတင်းတွေက ဆိုပါတယ်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိရာ ကျိုင်းတုံမြို့ကို အကြမ်းစစ်ခေါင်းဆောင်က ဒေသအရေးနဲ့ ဘုရားကိစ္စအကြောင်းပြပြီး နှစ်စဉ်လာရောက်လေ့ရှိပေမဲ့၊ အဓိကတော့ ယတြာအဆောင် အစီအမံတွေအတွက် လာတာပဲဖြစ်တယ်လို့ သိရပါတယ်။ 

ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒဟာ လောကီ ဗေဒင်၊ ယတြာအဆောင်အစီအမံတွေမှာ လူသိများပြီး၊ ဗေဒင်ယတြာအဆောင်အစီအမံတွေအပေါ် အလွန်ယုံကြည်အားကိုးတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အဓိကကိုးကွယ်နေတဲ့ ဆရာတော်လည်း ဖြစ်ပါတယ်။

(ဓာတ်ပုံ စစ်အုပ်စုမီဒီယာ)
0 Shares:
You May Also Like
Read More

ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံရ

AA ရဲ့ ထိုးစစ်တွေ ဝင်ရောက်လာမှာကို ကြောက်လန့်ပြီး လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက် ပစ်သတ်ခံခဲ့ရပါတယ်။
Read More

ပြည်သူကို မဲထည့်ရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တပ်သားများ ပစ်ခတ်ခံရပြီး ၁၀ ဦး သေဆုံး၊ မဲရုံများကိုလည်းကာကွယ်ရေးတပ်ဖွဲ့ ဖျက်ဆီးခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲ ရေးမှူးထံက သိရပါတယ်။
Read More

ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
Read More

BPLA တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည်ဟု အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။